[Zawgyi]
Ch9/ မိန်းကလေးတိုင်းရဲ့အိမ်မက် သခင်လေးရီ ~ 1
"သူမ ဘယ်မှသွားခွင့်မရှိဘူး ဒီကျောင်းမှာပဲ သူမတက်ရမယ်!!!"
ကျောင်းအုပ်ဟာ လျင်မြန်စွာထွက်လာပီး စိတ်အားထက်သန်စွာ ပြောခဲ့သည်။ ပြောပီးမှ သူရဲ့စကားများက အနည်းငယ်လွန်သွားသည်ကို သတိရကာ အပြုံးတစ်ခုကို လျင်မြန်စွာ တပ်ဆင်လိုက်သည်။"ကျွန်တော်ပြောချင်တာက ရှန်။မမလေးအတွက် ယန်မြို့အထက်တန်းကျောင်းက အသင့်တော်ဆုံးလို့ထင်ပါတယ်"
ကန်ဝေ့ကျိန်းက သံသယရှိသွားသည်... "ရှင်ပဲပြောတော့ ကျွန်မယန်ယန်လေးက ရှင်တို့ကျောင်းအတွက် အရည်အချင်းမပြည့်မှီဘူးဆို"
"ဒါကလား.. အမ်း... ဒါက ကျွန်တော့်ရဲ့ တစ်ဖက်ပိတ်အမြင်ကြီးပါ" ကျောင်းအုပ်ဟာ သူ၏လည်ချောင်းကို ရှင်းလိုက်ပီး မှင်သက်နေဆဲ ဒု-ကျောင်းအုပ်၏ ပခုံးပေါ်သို့ လက်တင်လိုက်ရင်း ပြောလိုက်သည်။ " ဒု-ကျောင်းအုပ် အကြံဉာဏ်ကို လက်ခံကြည့်သင့်မှန်း သိသွားပါပီ။ လူတိုင်းက ကျွန်တော့်ကို လမ်းညွှန်အကြံပေးနိုင်ပါတယ်။ မဟုတ်ရင် ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်တေက မှားယွင်းသွားနိုင်တယ်လေ"
အံ့ဩမှင်သက်အရဆုံးကတော့ ရှန်ယွီပါ။ သူမမှာ လက်ရှိအခြေအနေကို လုံးဝနားမလည်နိုင်တော့ပေ။
သူမကိုယ်သူမ မထိန်းထားနိုင်တော့ပဲ ရှေ့သို့ လျှောက်လာရင်း သူမ၏ တုန်ရီနေသော အသံထွကိပေါ်လာသည် "သမီးရဲ့ ဝမ်းကွဲက ကျေးလက်မှာ နေခဲ့တာကြာပီ။ သမီးစိုးရိမ်တာက သူမဒီနေရာ ဒီဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်နိုင်ပါ့မလားဆိုတာ....."
သူမ ဘာကို အတင့်ရဲပီး လာပြောနေတာလဲ?? ကန်တေ့ကျိန်းက သူမဆီသို့ ချက်ချင်း အကြည့်ရောက်သွားခဲ့သည်!
သံမဏိကဲ့သို့ အမျိုးသမီး၏အကြည့်ကပင် စူးရှပီး ထက်မြက်နေလွန်းလှသည်။ အကြည့်ခံရသူ၏ စိတ်အစဉ်ကို လုံးဝယိမ်းယိုင်စေသည်။
ရှန်ယွီ မိမိမပြောသင့်တာ တခုကို ပြောလိုက်မိမှန်း သဘောပေါက်သွားသည်။ သို့သော် သူမ၏ အပြစ်ကင်းစင်သော ပုံစံသည် ၎င်းးကို ဖုံးကွယ်ပေးနိုင်မည်ဟု ယုံကြည်နေခဲ့သည်။ သူမဟာ ခေါင်းကိုငုံနေလိုက်ပီး သူမက ရှန်ယန်အတွက် အလွန်စိုးရိမ်နေမိ၍ မပြောသင့်တဲ့ အမှန်တရားကို မရည်ရွယ်ပါပဲ ပြော့လိုက်မိသင့်ဟန်ဖြင့် သရုပ်ဆောင်နေလိုက်သည်။
ВЫ ЧИТАЕТЕ
ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-
Любовные романыI don't own any part of this story. And photos are not mine too. l only translate it. English title-: Big shot's reincarnation sweeps the world
