[Zawgyi]
Ch2/ အများကြီး တွေးတောနေမိခြင်း
ကားတံခါးများပွင့်လာသောအခါ ပရော်ဖက်ရှင်နယ်ကျကျ ၀န်ဆောင်မှုပေးနိုင်သော ကျွမ်းကျင်ဝန်ထမ်းများကဲ့သို့ ၀တ်စုံပြည့်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးအတော်များများ ထွက်လာကြသည်...
တချိန်တည်းမှာပဲ ရှန်လင်မယားကလဲ အပြင်ကို ထွက်လာကြသည်.... ထို့နောက် ကန်ဝေ့ကျိန်းသည် အပြုံးဖြင့် စကားစလိုက်သည်..."အဘွားလျှို တကယ်တော့ လွန်ခဲ့တဲ့ နှစ်ရက်တည်းက ကျွန်မတို့ ပြင်ဆင်နေခဲ့ကြတာ။ ဒီလူတွေက ကျွန်မခေါ်လာတဲ့ အိမ်စေတွေပါ။ သူတို့တွေက ရှင့်အတွက် အစားအသောက်၊ အဝတ်အစား၊ အိမ်သန့်ရှင်းရေး၊ သွားလာရေးတို့မှာ ကူညီဆောင်ရွက်ပေးကြပါလိမ့်မယ်။ နောက်ပီး ဒီရွာက အကြီးအကဲရဲ့ ငါးခန်းပါတိုက်ခန်းကို ကျွန်မတို့ ဝယ်ထားလိုက်တယ်။ အခု အဲ့ဒါက ရှင့်အပိုင်ပါပဲ။ ရှင်က ယန်ယန်ကို ကျွန်မတို့ ပြုစုပျိုးထောင်ပေးခဲ့တယ် ကျွန်မတို့ ရှင့်ကို ပြန်ပေးဖို့ သင့်တယ်လေ။ ဒါပေမဲ့ ကျွန်မတို့ ဘယ်လောက်ပြန်ပေးပေး မလုံလောက်မှန်းသိပါတယ်။ အဲ့တော့ အခုချိန်ကစ ဘာကိုမှ ပူပင်ကြောင့်ကြစရာမလိုတော့ပါဘူး။ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေပေးပါ"
ဝိုင်းကြည့်နေတဲ့သူတွေမှာတော့ အံအားသင့်စွာ မနာလိုစွာ စိတ်အချဉ်ပေါက်စွာ ဆက်ကြည့်နေရတော့သည်။
အာာ..!!သူတို့က ဘာလို့ အဲ့ကောင်းကျိုးလေးကို ပျိုးထောင်တဲ့သူတွေမဟုတ်ရတာလဲ!??
--------
ရှန်ယန် ယန်မြို့တော်က သူမ၏အိမ်အသစ်ကို ရောက်လာခဲ့ပီးဖြစ်သည်...
တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ရှန်ယန်အစစ်မှာ ကားမတော်တဆမှုဖြင့် သေဆုံးသွားခဲ့ပီးဖြစ်သည်။ထို့နောက် သူမဟာ ထိုခန္ဓာကိုယ်ထဲ သို့ကူပြောင်းလာခဲ့ပီး ထူးခြားသော စွမ်းအင်တခုကိုလဲရရှိခဲ့သည်။ဒါပေမဲ့ သိပ်မကြာသေးခင်ကပဲ ရှန်ယန် မိဘအရင်းတွေပေါ်လာကြပီး သူမကို သူတို့နှင့်အတူ ပြန်နေရန် မေးလာကြပြန်သည်။ သူမကတော့ ငြင်းချင်ခဲ့သည်။ သို့သော် အဘွားလျှိုက သူမကို ထိုရွာမှာပဲ မနေစေချင်ခဲ့ဘူး။ သူမအနာဂတ်အတွက် စဉ်းစားရင်း သူမကို အတူလိုက်သွားရန် တောင်းဆိုတော့သည်။ အဘွားလျှိုဟာ ကျန်းမာရေးကောင်းသူ မဟုတ်ချေ။ ထို့ကြောင့် ရှန်ယန်မှာ သူမကို ငြင်းဖို့မစွမ်းနိုင်ပါဘူး။ ဒါ့အပြင် ရှန်စုံတွဲဟာ သူမရဲ့အနာဂတ် ကောင်းမွန်လာစေရန်အတွက် အကုန်အကျများတဲ့ ပြင်ဆင်မှုများစွာကို ပြုလုပ်ပေးခဲ့သည်။ အခုတော့ သူမ(ရှန်ယန်)လဲ သူမကို အမြဲစိတ်ပူနေဖို့ မလိုတော့ပေ။
ESTÁS LEYENDO
ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-
RomanceI don't own any part of this story. And photos are not mine too. l only translate it. English title-: Big shot's reincarnation sweeps the world
