Chapter - 13(တစ်မိနစ်အတွင်း ငါ့ကို သူမရဲ့ အချက်အလက်အားလုံးပေး!)

1.3K 218 13
                                        

[Zawgyi]
Ch13/တစ်မိနစ်အတွင်း ငါ့ကို သူမရဲ့ အချက်အလက်အားလုံးပေး!

ရှန်ယန်ဟာ အကောင်းဆုံးအတန်းများထဲမှ တခုဖြစ်တဲ့ တန်းခွဲ 1မှာ တက်‌ရမည်ဟု စီစဉ်ထားပြီးဖြစ်သော်လည်း တချို့သော အကြောင်းပြချက်များဖြင့် သူ့ကို ဒုကျောင်းအုပ်၏ ရုံးခန်းအပြင်ဘက်ရှိ နားနေခန်းထဲမှာ စောင့်နေစေကြသည်။

ဒီတိုင်းထိုင်နေရမည့်အတူတူ ရှန်းယွမ်က သူ့ကို ရီကျွင်းချန်ပေးခဲ့သည့် အမွှေးအနံ့ဖော်စပ်နည်း အညွှန်းကို လေ့လာနေလိုက်သည်။

ကျွမ်းကျင်သူတစ်ယောက်တောင် အနည်းဆုံး သုံးရက်မျှ အချိန်ယူလေ့လာရမည့် အညွှန်းကို သူမကတော့ နာရီအနည်းငယ်ဆိုရုံမျှဖြင့် လုံးဝပြည့်စုံစွာ မှတ်သားထားနိုင်သည်။

ထိုအချိန်မှာ ဒုကျောင်းအုပ်က ငယ်ရွယ်သော အမျိုးသမီးတစ်ဦးနှင့် ထွက်လာခဲ့ပြီး.. "ရှန်ယန်.. ငါ မင်းကို မိတ်ဆက်ပေး‌မယ်.. မင်းက အခုကစပီး တန်းခွဲ 7 ရဲ့ ကျောင်းသူတစ်ယောက်ဖြစ်သွားပီလေ အဲ့တော့ ဒါက မင်းရဲ့ အတန်းပိုင် Ms.ချန်းလန်ပဲ သူမက တကယ်ကောင်းတဲ့ ဆရာမတစ်ယောက်ပါ"

ပြောပြီးပြီးချင်းမှာ သူတော်တော်လေး စိတ်လှုပ်ရှားလာရသည်။ သူတို့က ရှန်ယန်ကို တန်းခွဲ 1 မှာတက်ရမည်ဟု ပြောထားသော်လည်း အခုကျ တန်းခွဲ 7 ဟူ၍ ပြောင်းလိုက်ရသည်မဟုတ်လား? သူမစိတ်ပျက်သွားမည်လား စိုးရိမ်နေရတော့သည်။

သို့သော် အံ့ဩဖို့ကောင်းစွာ ရှန်ယန်က တည်တည်ငြိမ်ငြိမ် လက်ခံခဲ့သည်..
"ဟိုင်း.. Ms.ချန်း"

သူ့အတွက်တော့ ဘယ်အတန်းမှာပဲဖြစ်ဖြစ် အတော်ဆုံးဖြစ်‌နေရင် ဘာမှမကွာခြားတော့ဘူးမလား.??

ဒုကျောင်းအုပ်ခမျာမှာ သက်ပြင်းခိုးချလိုက်ရပီး အတော်လေးစိတ်အေးသွားတော့သည်။ သူထင်သည့်အတိုင်းပင် ထိုမိန်းကလေးက တခြားသူချမ်းသာကလေးတွေနဲ့ မတူပဲ ကြီးပြင်းလာခဲ့ရလို့ ဒီလို လွယ်လွယ်ကူကူ လက်ခံနိုင်လိုက်သည်လေ သူမက စော်ကားခံနေရမှုကိုတောင် ညည်းခံပေးနိုင်သည်။

---------------

တန်းခွဲ 1 ၏အခန်းထဲတွင်

"ကျောင်းတက်တဲ့ ပထမဆုံးနေ့မှာပဲ Ms.လီက သူမကို ငါတို့အတန်းကနေ ကန်ထုတ်လိုက်တယ်တဲ့လေ။ သူမနဲ့ပတ်သတ်ပီး သေချာပေါက် မှားနေတာ ရှိမှာပဲ..."

ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-Donde viven las historias. Descúbrelo ahora