Chapter - 10(မိန်းကလေးတိုင်းရဲ့အိမ်မက် သခင်လေးရီ ~ 2)

1.5K 217 10
                                        

[Zawgyi]
Ch10/ မိန်းကလေးတိုင်းရဲ့အိမ်မက် သခင်လေးရီ ~ 2

ရီကျွင်းချန်က သူမရဲ့ ခံစားချက်ကင်းမဲ့သည့်ပုံစံနှင့် အသားကျနေခဲ့ကာ စကျင်ကျောက်သားပလက်ဖောင်းပေါ်ကနေ ပေါ့ပါးစွာ ခုန်ထလိုက်သည်။ အိမ်ထဲသို့ ဝင်သွားလိုက်ကာ ကျောက်စားပွဲတစ်ခု‌ဆီသို့  ဦးတည်လိုက်သည်။ ၎င်းပေါ်တွင်တော့ အမွှေးရနံ့ရှိသည့် ‌ဆေးဖတ်ဝင်အပင်အမြစ် အနည်းငယ်ရှိသော သေတ္တာငယ်တစ်ခုရှိသည်။

ရီးကျွင်းချန်က ပေါ်လွင်စွာ ပြုံးလိုက်သည်။ သူက ကောင်မလေးတစ်ယောက်ရဲ့ နုလုံးသားကို ထိခတ်မိစေရန် ကြိုးစားရတဲ့အခါ သူ့ရဲ့ မျက်နှာ၊ အသံတို့ထက် မျိုးစေ့သေတ္တာတစ်ခုက ပိုဆွဲဆောင်နိုင်နေလိမ့်မည်ဟု သူတခါမှ မထင်ခဲ့ဖူးချေ။

"မင်းလေးက ဒါမျိုးဆို စိတ်ဝင်စားတတ်မှန်း ကိုယ်သိတယ်လေ ဒါက မင်းလိုချင်နေတဲ့ အမွှေးရနံ့ရအောင် ဖော်စပ်တဲ့နည်း..." စာရွက်ခေါက်တစ်ခုသည် ရီကျွင်းချန်၏ သွယ်လျသော လက်ချောင်းရှည်တို့ကြားတွင် ရှိနေသည်။ သူ၏ ပုံမှန်အပြုံးလေးကပင် ပန်းချီးစုတ်ချက်တစ်ခုကဲ့သို့ လှပလွန်းနေခဲ့သည်။

ရှန်ယန်က ဤကဲ့သို့သော ဆန်းသစ်သည့်အရာများတွင်ဖြစ်စေ၊ စာပေဗဟုသုတ လေ့လာခြင်းတွင်ဖြစ်စေ အလွန်အမင်း စိတ်ဝင်တစားရှိလှသည်။ ရီကျွင်းချန်က သူမရဲ့ အားနည်းချက်ကို ထိမိသွားမှန်း သိသည်။ သူမ၏ ပယင်းရောင်မျက်လုံးလေးများသည် သိသာစွာ တောက်ပနေပီး သူနှင့်တွေ့စဉ်ကထက် အစပေါင်းများစွာ ပိုတောက်ပနေခဲ့သည်။ သူမ၏ ခံစားချက်မဲ့နေသည့်ပုံစံတို့ကလဲ တဖြည်းဖြည်း အသက်ဝင်လာခဲ့သည်။

"ဘယ်လောက်လဲ!? ကျွန်မပေးမယ်.." ရှန်ယန်က သူမရဲ့ အကန့်အသတ်နှင့်ထုတ်ထားသော black cardတစ်ခုကို ထုတ်လိုက်သည်.. ၎င်းတွင် အကန့်အသတ်မဲ့သော ငွေပမာဏရှိလေသည်..

"မဟုတ်ဘူး ဒါက ကိုယ့်အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ဆု....."

"ဒါပေမဲ့.."

ရီကျွင်းချန်သည် သူ၏လက်ချောင်းရှည်များဖြင့် ကျောက်စားပွဲကို ဖြေးဖြေးခေါက်လိုက်ရင်း ပြော‌သည်။ "ဒီ ပစ္စည်းတွေက တစ်ကမ္ဘာလုံးမှာလိုက်ရှာရင်တောင် ဒီစားပွဲပေါ်ကလွဲရင် ဘယ်နေရာမှ မရှိနိုင်တော့ဘူး။ မင်းသေချာရဲ့လား မလိုချင်တာ...?"

ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-Donde viven las historias. Descúbrelo ahora