[Zawgyi]
Ch8/ အံ့ဩရခြင်း
ဒု-ကျောင်းအုပ်မှာ အလွန်ကို တုန်ရီနေခဲ့သည်။ကျောင်းအုပ် တကယ်ကို ဒေါသထွက်နေကြောင်း သူသိနေသော်လည်း မဝံ့မရဲဖြင့် ပြန်ပြောမိသည်။ "ဟုတ်ကဲ့ ကျွန်တော် ရှန်မိသားစုကို သေချာ ပြောထားပါတယ် ဒါပေမဲ့ စာကြည့်တိုက်သစ်က ဆောက်နေပီ ဆိုတော့....."
"ဒါဆိုလဲ အဲ့ဒါကို ဖျက်ချခိုင်းလိုက်!!" ကျောင်းအုပ်ဟာ အလွန်အမင်းစိတ်တိုနေပီးဖြစ်ကာ နဖူးပေါ်ကသွေးကြောများပင် ထင်ရှားလာသည်အထိ ဖြစ်လာတော့သည်။ သူက စားပွဲမျက်နှာပြင်ကို လက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ကာ သူ၏လက်ဖဝါးသည်ပင် နီရဲနေတော့သည်။
အခြေအနေမှာ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေကာ ရှန်ယွီက တွန့်ဆုတ်နေဟန်ဖြင့် ပြောတော့သည်။ "ကျောင်းအုပ်ရှင်၊ သမီးရဲ့ဝမ်းကွဲက တကယ်ကို သနားစရာကောင်းပါတယ်.. သူမက ကျေးလက်မှာပဲ ကြီးပျင်းခဲ့ရတယ်.. ပီးတော့ ဆွံ့အနေတဲ့ အဘွားတစ်ယောက်ကသာ စောင့်ရှောက်ပေးခဲ့တာ... သူမ တကယ်ကို ခက်ခဲပင်ပန်းခဲ့ရရှာမှာ"
ရှန်ယွီ ပြောနေစဉ်မှာပဲ သူမရဲ့မျက်လုံးများမှာ မျက်ရည်များ ပြည့်လာတော့သည်။ ၎င်းကပဲ သူမက သူမဝမ်းကွဲအတွက် စိုးရိမ်ပီး စာနာစွာ ဝင်ပြောပေးနေဟန် ဖြစ်စေသည်။
သို့သော် ကျောင်းအုပ်ကတော့ မပြောင်းမလဲသည့် ပုံစံဖြင့်သာ... သူ့အတွက်တော့ ရွံမုန်းဖို့အကောင်းဆုံးအရာသည် ယခုကဲ့သို့သော အနောက်တံခါးမှ အချောင်ဝင်လာချင်သူများ ဖြစ်သည်။ "အဲ့ဒါက ဒီကျောင်းရဲ့စည်းမျဉ်းတွေနဲ့ မဆိုင်ဘူး. အကယ်၍ ငါတို့သာ သူမလိုလူတိုင်းကို ဝင်ခွင့်ပေးနေမယ်ဆိုရင် ဒီကျောင်းက ယန်မြို့ရဲ့ အကောင်းဆုံးကျောင်းတစ်ကျောင်း ဖြစ်နေပါဦးမလား.!?"
ထိုစကားများကို ကြားသောအခါ မျှော်လင့်စရာမရှိတော့ကြောင်း ကန်ဝေ့ကျိန်း သိလိုက်သည်။ သူမဟာ ကျောင်းအုပ်ကို ဖြောင်းဖျရန် မကြိုးစားချင်တော့ပေ။ အဘယ်ကြောင့်ဆို သူပြောနေသည့် ရှန်ယန်လေးကို အရှက်ရစေမည့် စကားကို ထပ်မကြားချင်တော့၍ ဖြစ်သည်။
ဒါတွေက ယန်ယန်လေး ငယ်ငယ်က ပျောက်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။ သူမလေးသာ မပျောက်နေခဲ့ရင် ဒီလိုမျိုးဖြစ်လာစရာ အကြောင်းမရှိချေ။ သူမလေးဟာ အထင်သေးခံရမှာမဟုတ်သလို အကောင်းဆုံး အတော်ဆုံး ကောင်မလေး လေးဖြစ်နေလိမ့်မည်။
YOU ARE READING
ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-
RomanceI don't own any part of this story. And photos are not mine too. l only translate it. English title-: Big shot's reincarnation sweeps the world
