[Zawgyi]
Ch12/ မနာလိုခြင်းမုန်တိုင်း
ထိုအချိန်တွင် အနက်ရောင်ဇိမ်ခံ Rolls Royce ကားတစ်စီးက ယန်မြို့အထက်တန်းကျောင်း၏ဂိတ်ဝတွင် ထိုးရပ်လိုက်သည်။
ရှန်ယူဟာ ကားအပြင်ကို ချက်ချင်းမထွက်သေးပဲ သူ့၏ဝတ်စုံကို အကြိမ်အနည်းငယ်လောက် သပ်ရပ်အောင် ပြုပြင်နေလိုက်သေးသည်။ ထို့နောက် ဒရိုင်ဘာကိုကျော်ပီး သူကပဲ ကားတစ်ဖက်ခြမ်းကို ဦးအောင် ပြေးသွားလိုက်ကာ သူကတကယ်ကို သူ့သမီးလေးအတွက် ကားတံခါးဖွင့်ပေးချင်နေခဲ့သည်။
သို့သော် ရှန်ယန်တစ်ယောက်ကတော့ ကားအပြင်ကို ရောက်နှင့်နေပီးဖြစ်ရာ သူမက ကားဘေးတွင် တည်ငြိမ်စွာ ရပ်နေခဲ့ပီး အပြေးတပိုင်းရောက်လာသော ရှန်ယူကို သူမ၏ပယင်းရောင်မျက်ဝန်းတစ်စုံဖြင့် ငေးကြည့်နေခဲ့သည်။
ရှန်ယူခမျာမှာတော့ အတော်ကြာအောင် အေးခဲသွားရသည်။
အခု သူက ဝတ်စုံပြည့်ဖြင့် ခမ်းနားစွာ ဝတ်ဆင်ပြင်ဆင်ထားပီး ပြောစရာမလိုအောင် ခန့်ညားလွန်းနေပီဖြစ်သည်။ စကားရှိသည့်အတိုင်း သူသည် အမျိုးသားတို့၏ ရွှေရောင်အချိန်ဟု ဆိုနိုင်သော အသက်လေးဆယ် အပိုင်းအခြားကာလတွင် ရောက်နေပီးဖြစ်သည်။ ထို့အပြင် သူက သေချာပေါက်ကို ဥပဓိရုပ်ကောင်းသူတစ်ယောက်လဲ ဖြစ်သေးသည်။
ရှန်ယူသည် ယခုကဲ့သို့ ဝတ်စုံပြည့်ဖြင့် ကိန်းကြီးခမ်းနားပုံစံကို မကြိုက်နှစ်သက်လေ့ရှိကာ အမှန်တကယ်လိုအပ်သော အခမ်းအနားတို့တွင်သာ ဤကဲ့သို့ ဝတ်ဆင်တတ်သည်သာ။ သို့သော် ယနေ့ သူတကယ်ကို ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားကာ ဤသည်က သူ၏ သမီးလေးနှင့်ပတ်သတ်၍ သူဘယ်လောက်တောင် လွန်လွန်ကြူးကြူး အရေးထားကြောင်း တွေ့နိုင်သည်။
မနက်ခင်းစောစောတုန်းက သူနှင့် သူ၏ဇနီးတို့ သူတို့၏တဦးတည်းသောသမီးကို ကျောင်းလိုက်ပို့နိုင်ရေးအတွက် အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ရပီး နောက်ဆုံးတွင်တော့ သူအနိုင်ရခဲ့ကာ ဝေ့ကျိန်းကတော့ companyသို့ တစ်ယောက်တည်း ခေါင်းငိုက်စိုက်ကျလျက်(ရှုံးနှိမ့်လျက်) သွားရတော့သည်။
ВЫ ЧИТАЕТЕ
ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-
Любовные романыI don't own any part of this story. And photos are not mine too. l only translate it. English title-: Big shot's reincarnation sweeps the world
