Chapter - 11(ကြားကောင်းအောင် လိမ်ညာလိုက်ခြင်း)

1.4K 202 17
                                        

[Zawgyi]
Ch11/ ကြားကောင်းအောင် လိမ်ညာလိုက်ခြင်း

"အမေ"

ဖုန်းဆက်လာသူက သူမယောက်ျားရဲ့အမေ အဘွားရှန်ဖြစ်သည်။ သူမ၏အသံအနေအထားက အတော်လေးကြမ်းတမ်းနေခဲ့သည်။
"ညည်း... ရှန်ယန်ကို ယန်မြို့အထက်တန်းကျောင်းမှာ တက်နိုင်ဖို့ စီစဉ်ပေးခဲ့တာလား?!"

ကန်ဝေ့ကျိန်းက တွေဝေခြင်းအနည်းငယ်မျှမရှိပဲ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"

တိုတောင်းတဲ့ တုံ့ပြန်မှုနောက်မှာ သူမက စမ်းသပ်လိုဟန် မေးတော့သည်။
"အမေ့ကို ဘယ်သူက ပြောတာလဲ?"

သတင်းတွေက အဘွားရှန်ဆီကို အရမ်းမြန်မြန်ကို ရောက်သွားတာပဲ။ ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ!?

ကန်ဝေ့ကျိန်းသည် ရှန်ယွီကို တွေးမိသွားသည်။ သူမက ဘယ်လောာက်ပဲ သူမကိုယ်သူမ ဖြူစင်ဟန် ‌‌ဖုံးကွယ်ထားပါစေ ကန်ဝေ့ကျိန်းကဲ့သို့ အတွေ့အကြုံရင့်ကျက်ပီးသား သူတစ်ယောက်အတွက်တော့ သူမရဲ့တကယ့်အစစ်အမှန်ရည်ရွယ်ချက်များကို မြင်ရနိုင်သည်လေ။

လူများစွာကို ပြောဆိုဆက်ဆံခဲ့ပီးတဲ့နောက် လူ့စရိုက်မျိုးစုံကို သိရှိနေပီးဖြစ်ရာ သူမက လူတစ်ယောက်မှာ ဆိုးယုတ်တဲ့ ရည်ရွယ်မှုတွေရှိမရှိကို လွယ်ကူစွာ ခွဲခြားနိုင်နေပီဖြစ်သည်။

သို့သော် ရှန်ယွီသည် တချိန်ကတော့ ယဉ်ကျေးသိမ်မွေ့ပီး ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့သည်။

"အဲ့တာက ဘာအရေးပါလို့လဲ!!?... နံရံတွေမှာလဲ နားတွေရှိတယ်ဟဲ့!!!" အဘွားအိုက အသံကိုမြှင့်ရင်း သူမရဲ့ဒေါသတွေကို ပေါက်ကွဲပြတော့သည်။
"ညည်းသိလား? ရှန်မိသားစုရဲ့ လုပ်ဖော်ကိုင်ဖက်မိသားစုက သားသမီးတွေ ဘယ်လောက်များများတောင် အဲ့ဒီကျောင်းမှာ တက်နေကြလဲဆိုတာ!!? ငါသိတယ်။ ရှန်ယန်ပြန်လာလို့ ညည်းတို့‌တေပျော်ရွှင်နေရမှန်း ဒါပေမဲ့ သူမ ယန်မြို့အထက်တန်းကျောင်းကို အမိအရတက်နိုင်ဖို့ ဘာကြောင့် လိုအပ်မှာတုန်း!?"

ကန်ဝေ့ကျိန်းက သူမရဲ့မျက်ဝန်းများကို ကျဉ်းမြောင်းသွားစေလိုက်သည်။ "အမေ သူမလေးက ငယ်ငယ်က ဒုက္ခအများကြီးကို ခံစားခဲ့ရတယ် ဒါ့အပြင် သူမမှာလဲ ကောင်းမွန်တဲ့ ပညာရေးရရှိပိုင်ခွင့် ရှိသင့်တယ်လို့ ကျွန်မယုံကြည်တယ် ပီးတော့ ယန်ယန်လေးကို ပြန်ခေါ်လာတာက ကျွန်မပျော်ရွှင်နိုင်ဖို့သပ်သပ်မဟုတ်ဘူး။ သူမလေးကို ပေးဖို့ပျက်ကွတ်ခဲ့တာမှန်သမျှကို တစ်ခုချင်း အကုန်ပြန်ပေးချင်လို့ပဲ..."

ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-Onde histórias criam vida. Descubra agora