[Zawgyi]
Ch 14/ ချိုသာတဲ့ မိန်းကလေးငယ်လေး
ရှန်ယွီရဲ့ နုလုံးသားဟာ ပြင်းထန်စွာ တစ်ချက် ခုန်လာပြီး ချက်ချင်း အလိုမကျမှုများနှင့် ပြည့်နှက်သွားရသည်။
သူတို့တွေက တစ်တန်းတည်း တစ်ခန်းထဲမှာ အတူမနေရတာတောင်မှ တစ်ကျောင်းထဲမှာပဲဖြစ်နေသေးသည်။ ဒါ့ကြောင့် သူမမှာ ရှန်ယန်ရဲ့ လွှမ်းမိုးမှုအောက်ရောက်နေတုန်းပဲ။
ရှန်ယွီ အာရုံပျံ့လွင့်သွားတာကို သတိထားမိတဲ့ တစ်စုံတစ်ယောက်ကတော့ မျက်မှောင့်ကျုံ့လိုက်ရင်း စားပွဲခုံကို ညင်သာစွာ ခေါက်ပီး အချက်ပြလိုက်သည်။
ထိုအခါမှ ရှန်ယွီတစ်ယောက် သတိပြန်ကပ်လာပြီး တပြိုင်နက်တည်းပဲ ကြောက်ရွံ့တုန်လှုပ်သွားရပြန်သည်။ ဟန်ကျင်းယွီက ရှန်ယန်ကို လှည့်ကြည့်လိုက်လေမလားဟူ၍... သို့သော် ဒါက တကယ်ကို နောက်ကျသွားပီ ဖြစ်သည်။
ဟန်ကျင်းယွီက ဖြည်းညင်းစွာ သူ့ရဲ့ဦးခေါင်းကို လှည့်လိုက်ပြီး ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။
ရှန်ယွီမှာတော့ တုန်လှုပ်စွာ ထိုလူကိုသာ ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
ထိုခဏမှာပဲ ဟန်ကျင်းယွီ၏ မျက်လုံးအစုံတို့ အရောင်တောက်သွားခဲ့သည်။ ထိုကဲ့သို့ ခန့်ညားလွန်းသည့် မိန်းကလေးမျိုးက အမှန်တကယ်ကို ရှာမှရှားပါပဲ သူမက သေချာပေါက် သူတွေ့ဖူးသမျှတွေထဲက အလှပဆုံး တစ်ယောက်လို့ ဆိုနိုင်ပေလိမ့်မည်။
သို့သော် စက္ကန့်အနည်းငယ် ကြားပြီးတဲ့နောက် ဟန်ကျင်းယွီက သူ့ရဲ့ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့မျက်နှာမှာတော့ ဘာခံစားချက် တစ်စုံတစ်ရာကိုမျှ ပြသထားခြင်းမရှိချေ။
"မိုင်ဂေါ့!!!.. ဒီလိုအလှလေးနဲ့တောင်မှ နတ်ဘုရားဟန်ကတော့ နတ်ဘုရားဟန် ပီသစွာကို အေးဆေးနေနိုင်တုန်းပဲကွာ!"
"သေချာတာပေါ့! သူက မင်းလို ရုပ်ပဲကြည့်တတ်တဲ့လူမျိုးမှ မဟုတ်တာ!!"
"အဲ့တော့ မင်းကျတော့ရော အဲ့လိုလူမျိုးမဟုတ်လို့လား!? ခုနက မင်းကပဲ အဲ့ကောင်မလေးကို အကြာဆုံးကြည့်နေတာပါ ကျွတ်ကျတော့မဲ့ မျက်လုံးကို အားနာဦး...."
VOCÊ ESTÁ LENDO
ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-
RomanceI don't own any part of this story. And photos are not mine too. l only translate it. English title-: Big shot's reincarnation sweeps the world
