အခန်း (၃) လီဟွီ၏ တစ်နေ့တာ

830 94 0
                                    

(မင်းသားလေး အခြေခံကျင့်ဝတ်အချို့ကို သင်ယူပြီး သွားလာလှုပ်ရှားပုံမှာလည်း လွီဟွီအစစ်နှင့် အတော်လေး တူသွားသည်တွင်တော့ နေမကောင်းချင်ဟန်ဆောင်ထားသည်ကို ရပ်လိုက်တော့သည်။ လွီဟွီအနေဖြင့် ပထမဆုံးအကြိမ် အဆောင်ထဲကထွက်ရသည်ဖြစ်တော့ စိတ်လှုပ်ရှားနေမိသည်။ ဘိုးတော်နှင့် ခမည်းတော်တို့ သူ့ကိုများ ရိပ်မိသွားလေမလား။ ဂင်ရှန့်ကုံးဝတ်ပေးသော တော်ဝင်ဝတ်စုံကိုဝတ်ကာ နန်းဆောင်မှ ထွက်လာခဲ့ပြီး ဘိုးတော်ရှိရာ နန်းတော်သို့ထွက်လာခဲ့သည်။ သူရောက်တော့ ခမည်းတော်နှင့်မယ်တော်လည်း ရောက်နှင့်နေသည် ကို တွေ့လိုက်ရသည်။ ဘိုးတော်နှင့်ဘွားတော်ကို ဂါရဝပြုပြီး သတ်မှတ်နေရာတွင် ထိုင်လိုက်သည့်အခါ ဘွားတော်က....)

မြေးတော်လေး နေမကောင်းဘူးကြားတယ်။ အခုရောသက်သာသွားပြီလား။ အတော်တောင် ပိန်သွားသလိုပဲ။

သက်သာသွားပါပြီ ဘွားတော်။ စိတ်ပူစေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။

မြေးတော်လေး သက်သာရင်ပဲ ရပါပြီ။ ဒါနဲ့...နေမကောင်းဖြစ်ထားလို့လား။ စကားပြောတာ အရင်ကလောက် အားအင်မရှိနေသလိုပဲ။

(ထိုသို့ပြောလိုက်သည့်အခါတွင်တော့ လန့်သွားကာ ဟန်လုပ်ပြီးချောင်းဆိုးလိုက်ရတော့သည်။ မင်းသားလေး ချောင်းဆိုးတော့ ဘွားတော်က.....)

မဖြစ်သေးပါဘူးလေ......သမားတော်ကြီးကို အားဆေးဆက်ခိုင်းဦးမှပါ။ သေချာသောက်ရမယ်နော် မြေးနော်။

ကျေးဇူးကြီးလှပါတယ် ဘွားတော်........

(ဘွားတော်နှင့်မြေးတော် အတန်ကြာ စကားပြောပြီးသည်တွင်တော့ ဘုရင်မင်းမြတ်က.......)

ကဲကဲ ညီလာခံနီးပြီ အားလုံးသွားကြတော့.....အိမ်ရှေ့မင်းသား....မြေးတော်အတွက် ဆရာအသစ် ခန့်ထားပေး တယ်။ စစ်ဆေးကြည့်လိုက်ဦး။

အမိန့်တော်အတိုင်းပါ ခမည်းတော်။

(မင်းသားလေး ဘိုးတော်နန်းဆောင်က ပြန်ထွက်လာပြီး သူ့နန်းဆောင်ကို ပြန်ရာလမ်းတွင်တော့ ခပ်တည်တည် တစ်ယောက်တည်း လမ်းမှားကာ ကွဲထွက်သွားသဖြင့် မိန်းမစိုးဟုန်းက........)

The King's Affection (FanFiction)Where stories live. Discover now