Unicode version
(မိဖုရားကြီး နံနက်ခင်း ဘွားတော်ကို ဂါရဝမပြုလိုက်ရသဖြင့် ညနေခင်း ဂါရဝပြုရန် ဘုရင်မင်းမြတ်နှင့် အတူဘွားတော်စံနန်းဆောင်သို့ ရောက်ရှိနေလေသည်။ ဘွားတော်က....)
မိဖုရားကြီး ကျန်းခံ့တော်မမူဘူးဆို အခုရော နေသာရဲ့လား။
နေသာပါတယ်ဘွားတော်။ နည်းနည်းလေး မူးသွားရုံပါ။
နှုတ်ငုံတော်ရှိချိန်ဆိုတော့ ဒီလိုပဲဖြစ်တတ်တာမို့ သေချာဂရုပြုရမယ်နော်။ မင်းကြီး...မြေးတော်ကလည်း မိဖုရားကြီးကို သေချာဂရုစိုက်ရမယ်။ ပထမဆုံး နှုတ်ငုံတော်မို့ ပိုပြီးဂရုစိုက်ရမယ်။
မြေးတော် သေချာဂရုစိုက်ပါ့မယ်။ ဒီအတွက် စိုးရိမ်နှောင့်လို့ ကြောင့်ကြတော်မမူပါနဲ့ ဘွားတော်။
အေး...အေး.. ကောင်းတယ်။ ဘွားတော်လည်း အခုမှပဲ စိတ်အေးရတော့တယ်။ ဒီအတောအတွင်း ကောလဟာလ တွေကလည်း များခဲ့တယ် မဟုတ်လား။
ဘွားတော်ကို စိတ်ပူစေမိတဲ့အတွက် တောင်းပန်ပါတယ်။
မလိုပါဘူးကွယ်။ ဒါနဲ့ မိဖုရားကြီး အားဆေးကို ပူတုန်းသောက်လိုက်ဦး။ ညနေ လာပြီး ဂါရဝပြုကြမယ်ဆိုလို့ ဘွားတော် စားဖိုဆောင်ကို တမင်ချက်ခိုင်းထားတာ။
(ဘွားတော်က ထိုသို့ပြောသည့်အခါ မိဖုရားကြီးက ဆေးကို ဖြည်းဖြည်းချင်းမော့သောက်လိုက်သည်။ ထိုသို့မော့သောက်လိုက်သည်တွင်တော့ လည်တိုင်ကြော့ကြော့လေးပေါ်ရှိ အမှတ်အသားများက ဖုံးဖိထားသည့်ကြားမှပင် တစ်စွန်းတစ်စက ထွက်လာလေတော့သည်။ မိဖုရားကြီးဆေးသောက်နေသည်ကို ပြုံးလျက်ကြည့်နေသော ဘွားတော်မှာ ထိုသည်ကိုမြင်လိုက်ရသည့်အခါ ပြုံးနေရင်းမှ အလေးအနက် စဉ်းစားသည့် အသွင်ပြောင်းသွားရင်း......)
ကဲ..မိဖုရားကြီးလည်း ပင်ပန်းရောပေါ့ နန်းဆောင်ကို ပြန်နားလိုက်ဦး။ မင်းကြီးကတော့ ခဏနေခဲ့ဦး။
(ဘွားတော်က ထိုသို့ပြောသည့်အခါ မိဖုရားကြီးက ဘွားတော်ကိုရော ဘုရင်မင်းမြတ်ကိုပါ အရိုအသေပြုကာ ထွက်သွားလိုက်သည်။ မြေးတော် ဘွားတော် နှစ်ပါးတည်း ကျန်ခဲ့သည်တွင်တော့ ဘွားတော်က....)
YOU ARE READING
The King's Affection (FanFiction)
Historical Fiction(ဘုရင့်မြေးတော် အမွှာအဖြစ်မွေးဖွားလာခဲ့သော်လည်း မိန်းကလေးဟူသောအဖြစ်ကြောင့် သေမိန့်ပေးခံခဲ့ရပြီး နန်းပြင်တွင်ခက်ခဲစွာ နေခဲ့ရသောသူမ၊ ကံကြမ္မာရဲ့ စေစားမှုကြောင့် သေဆုံးသွားတဲ့ အမွှာအစ်ကိုဖြစ်သူ လီဟွီ၏ နေရာတွင် ဟန်ဆောင်ခဲ့ရပြီး ဂျိုဆွန်း၏ အိမ်ရှေ့စံဖြစ်...