အခန်း (၁၃)

757 76 10
                                    

(မြောင်နိုင်ငံမှ သံအဖွဲ့ရောက်ရှိလာခဲ့သည့်အတွက် မင်းသားလေး မြို့တံခါးထိပ်ထိ ထွက်ကြိုခဲ့လေသည်။ နေရာထိုင်ခင်းကို သေချာပြင်ဆင်ပေးထားသော်လည်း မြောင်နိုင်ငံ အထိန်းတော်ချုပ်က ကျေနပ်သည့်ဟန် မရှိပေ။ မင်းသားလေး စိတ်လျော့ကာ အတတ်နိင်ဆုံးလိုက်လျောပေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီပွဲက ခမည်းတော် သူ့ကို ပထမဆုံး တာဝန်ပေးသော ပွဲဖြစ်သည်။ ခမည်းတော်ကို စိတ်ပျက်စေ၍ မဖြစ်ပေ.. ညစာစားပွဲကျင်းပသည့်အချိန်တွင်တော့ ဘုရင်မင်းမြတ်၊ မိဖုရားခေါင်ကြီး၊ မင်းသားလေးနှင့် မှူးမတ်များပါ အစုံအလင် တက်ရောက်ပြီး သံအဖွဲ့ကို ဧည့်ခံကြလေသည်။ ထိုတွင် ဘာကြောင့်မှန်း မသိဘဲ အထိန်းတော်ချုပ်က ယဉ်ကျေးမှုရေးရာ အမှုထမ်းကို ဆွဲထိုးလိုက်သဖြင့်......ဘုရင်မင်းမြတ်က.....)

ဘာဖြစ်ကြတာလဲ

အာ...ဘာမှမဟုတ်ပါဘူး...ဒီလူက သူမတည်နိုင်တဲ့ကတိကို အလကားလျှောက်ပြောနေလို့ ဆုံးမနေတာပါ..

ဘာမှန်းမသိပေမယ့် အကြောင်းရင်းကို သေချာစုံစမ်းပြီး သင့်လျော်သလို အပြစ်ပေးမှာမို့ ဒီလောက်နဲ့ ဒေါသကို ထိန်းလိုက်ပါ......

စုံစမ်းစရာမလိုပါဘူး.....ဒီနေရာမှာတင် သတ်ပစ်လိုက်လည်းရတာပဲကို

(အထိန်းတော်ချုပ်က ထိုသို့ပြောကာ သက်တော်စောင့်ထံမှ ဓါးကိုဆွဲထုတ်လိုက်ပြီး လဲကျနေသော အမတ်ကို ဓါးဖြင့်‌ထောက်လိုက်သည်တွင် မင်းသားလေးက.......)

တော်လောက်ပါပြီ....ဒီနေရာက ဂျိုဆွန်းရဲ့ နန်းတွင်းပါ။ အိမ်မှာ အိမ်စည်းကမ်းရှိသလို တိုင်းပြည်မှာလည်း သူ့စည်းကမ်းနဲ့သူ ရှိပါတယ်...အပြစ်လုပ်တယ်ဆိုရင်တောင် ဂျိုဆွန်းရဲ့ ဥပဒေအတိုင်းအပြစ်ပေးရမှာမို့ ကျွန်တော် တို့လက်ကိုပဲ အပ်လိုက်ပါ...(ထို့နောက် အမတ်ဘက်လှည့်လိုက်ရင်း...) မြန်မြန်ထွက်သွားပြီး အပြစ်ခံယူဖို့ မစောင့်သေးဘူးလား.....

ဟုတ်...ဟုတ်ကဲ့ပါ မင်းသား...

(မင်းသားလေးက ထိုသို့အမိန့်ပေးလိုက်သည့်အခါ....)

စိတ်ဝင်စားဖို့ကောင်းသားပဲ......ဘုရင်မင်းမြတ်ကတောင် ဘာမှ မမိန့်တာကို အိမ်ရှေ့မင်းသားက......

The King's Affection (FanFiction)Where stories live. Discover now