(မင်းသားလေး သေချာစုံးစမ်းပြီးသည်တွင်တော့ တရားခံက ဦးရီးတော် ချန်ဝန်းမင်းသားဖြစ်နေသည်ကို သိလိုက်ရသဖြင့် မင်းသားလေး ဦးရီးတော်ကို ထိုမိန်းကလေး၏ အုတ်ဂူရှေ့တွင် ဒူးထောက်တောင်းပန်စေခဲ့သည်။ ထိုအဖြစ်အပျက်ကား မင်းမျိုးနွယ်နှင့် အထက်တန်းလွှာကြားတွင် ဂယက်ရိုက်သွားခဲ့ပြီး မင်းသားလေးကို နန်းချရန် အထိ တောင်းဆိုမှုများဖြစ်လာခဲ့လေသည်။ လက်ယာအမတ်ကြီးတို့ အုပ်စုမှလည်း မင်းသားလေးကို နန်းချနိုင်ရန် အသည်းအသန်ကြိုးစားနေသကဲ့သို့ လက်ဝဲအမတ်ကြီးမှာလည်း မင်းသားလေး နန်းချမခံရအောင် ကြိုးစား နေရသည်။ လက်ဝဲအမတ်ကြီးက မင်းသားလေးထံ လာတွေ့ရင်း...)
မင်းသား..ဘာကြောင့် ဒီလိုလုပ်ရတာပါလဲ နိမ့်ကျတဲ့ မိန်းကလေး တစ်ယောက်အတွက်နဲ့ တန်လို့လား..
ကျွန်တော်ချစ်ရတဲ့ မိန်းကလေးရဲ့ အစေခံပါ...
မင်းသား........မင်းသားက နိုင်ငံရဲ့ အိမ်ရှေ့မင်းသားပါ..ခံစားချက်တွေကို ရှေ့တန်းတင်ရမယ့်သူ မဟုတ်ပါဘူး။ အခုပဲကြည့် မင်းသားကို နန်းချချင်နေတဲ့သူတွေက ဒီအခွင့်အရေးကို သုံးပြီး ဘယ်လိုတွေ လုပ်နေကြပြီလဲ...
ကိုယ်ချစ်တဲ့သူတစ်ယောက်ကိုတောင် ကာကွယ်နိုင်စွမ်းမရှိတဲ့နေရာက ဘာများအသုံးကျလို့လဲ...အိမ်ရှေ့ မင်းသားတဲ့လား.......
မိုက်မဲတဲ့ အလုပ်တွေလုပ်တာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ မင်းသား...ဘယ်လိုပဲ ချစ်ရတဲ့မြေးတော်ဖြစ်နေပါစေ... မင်းသားသာ အခုလို ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်မျိုး ခွင့်လွှတ်မှာ မဟုတ်ပါဘူး....
(မင်းသားလေးကို နန်းချလိုသည့်အဖွဲနှင့် နန်းမချလိုသည့်အဖွဲ့ အခြေအတင်ဖြစ်နေချိန်တွင် ဘုရင်မင်းမြတ် ကျန်းမာရေး ဆိုးရွားလာလေသည်။ ဘုရင်မင်းမြတ်ထံ မင်းသားလေး စိုးရိမ်တကြီး အခစားဝင်တော့... ဘုရင်မင်းမြတ်က......)
အိမ်ရှေ့မင်းသား....ခံစားချက်ကို ရှေ့တန်းမတင်ပါနဲ့လို့ ခမည်းတော် မမှာခဲ့ဘူးလား...
စိုးရွံ့မိပါတယ် ခမည်းတော်....ဒါပေမဲ့ ခမည်းတော် ဘယ်လိုလုပ် အကောင်းကြီးကနေ....
YOU ARE READING
The King's Affection (FanFiction)
Historical Fiction(ဘုရင့်မြေးတော် အမွှာအဖြစ်မွေးဖွားလာခဲ့သော်လည်း မိန်းကလေးဟူသောအဖြစ်ကြောင့် သေမိန့်ပေးခံခဲ့ရပြီး နန်းပြင်တွင်ခက်ခဲစွာ နေခဲ့ရသောသူမ၊ ကံကြမ္မာရဲ့ စေစားမှုကြောင့် သေဆုံးသွားတဲ့ အမွှာအစ်ကိုဖြစ်သူ လီဟွီ၏ နေရာတွင် ဟန်ဆောင်ခဲ့ရပြီး ဂျိုဆွန်း၏ အိမ်ရှေ့စံဖြစ်...