Unicode Version
(ညီလာခံပြီးသည်တွင်တော့ ဘုရင်မင်းမြတ်ထုတ်ဆင့်လိုက်သော အမိန့်တော်ကြောင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ မဖြစ်ဘဲနေနိုင်ပါမည်လား မှတ်တမ်းမှူးဂျောင်နှင့် လက်ဆက်ရန် ထုတ်ဆင့်သော အမိန့်တော် တွင် လက်ဆက်ရမည့်ရက် မထည့်သွင်းထားဘဲ ရှင်းဆိုအွန်း ဆန္ဒရှိသည့်အချိန် နေ့ကောင်းရက်သာရွေးကာ လက်ဆက်ရမည်လို့ ပါနေခဲ့သည် မဟုတ်လား။
ညီလာခံတွင် သူ့အဘိုးဖြစ်သွားသော မျက်နှာကို မြင်လိုက်ရသည် ကပင် ကျေနပ်စရာကောင်းနေလေသည်။ ညက မိဖုရားကြီး စက်ပျော်သွားသည်တွင်တော့ ဘုရင်မင်းမြတ် ကင်ဂါအွန်းကို တိတ်တဆိတ် အမိန့်တော် သွားလဲထား ခိုင်းခဲ့တာဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် ဆိုအွန်း ဆန္ဒမရှိသည်ကိုတော့ သူအတင်းအကြပ် မစီစဉ်လိုပါ။ အရင်ကလည်း မှတ်တမ်းမှူးဂျောင်ကို စိတ်ဝင်စားခဲ့ဖူးတာဆိုတော့ ကြာလာရင်တော့ ဆိုအွန်း စိတ်ပြောင်းသွား လောက်ပါရဲ့လေ။ ဘုရင်မင်းမြတ် တွေးနေစဉ်တွင်ပဲ ဘွားတော်ထံမှ အခေါ်လွှတ်သည်ကြောင့် ဘွားတော် နန်းဆောင်သို့ ထွက်လာခဲ့ရတော့သည်။ ဘွားတော်နန်းဆောင်ရောက်သည်တွင်တော့......)
မင်းကြီး...အမိန့်တော်က ဘယ်လိုဖြစ်ရတာလဲ..
မြေးတော် အဘိုးပြောတဲ့အတိုင်းပဲ ဆိုအွန်းနဲ့ မှတ်တမ်းမှူးဂျောင်တို့ကို လက်ဆက်စေဖို့ အမိန့်ထုတ်လိုက်တာပါ။
ဘွားတော် မေးလိုတာ ဒါမဟုတ်ဘူးဆိုတာ သိတယ် မဟုတ်လား။ အမိန့်တော်မှာ ဘာလို့ လက်ဆက်ရမယ့်နေ့ မပါနေရတာလဲ။ မင်းကြီး...ဒီကလေးမလေးက မြေးတော်ကို ငြင်းပယ်ထားတဲ့ မိန်းကလေးပါ။ အခုထိ မမေ့နိုင်သေးဘူးလား။ ညကလည်း ဒီကလေးမနဲ့ ဥယျာဉ်တော်ထဲမှာ တွေ့တယ်ကြားရတယ်။ ဂင်ရှန့်ကုန်းကို တောင်မှ အနားမှာမထား ထားဘူးဆိုတော့ ဘာတွေများ ပြောကြလို့လဲ။ ပြီးတော့ ညက မိဖုရားကြီး သတိမေ့သွား တယ်ဆို တကယ်ပဲ ဘာတွေများ ဖြစ်ကြတာလဲ။
စိုးရွံ့မိပါတယ် ဘွားတော်။
(ဘုရင်မင်းမြတ်က ထိုသို့သာ ပြောပြီး ဘာမှ ဆက်မပြောသဖြင့်...)
YOU ARE READING
The King's Affection (FanFiction)
Historical Fiction(ဘုရင့်မြေးတော် အမွှာအဖြစ်မွေးဖွားလာခဲ့သော်လည်း မိန်းကလေးဟူသောအဖြစ်ကြောင့် သေမိန့်ပေးခံခဲ့ရပြီး နန်းပြင်တွင်ခက်ခဲစွာ နေခဲ့ရသောသူမ၊ ကံကြမ္မာရဲ့ စေစားမှုကြောင့် သေဆုံးသွားတဲ့ အမွှာအစ်ကိုဖြစ်သူ လီဟွီ၏ နေရာတွင် ဟန်ဆောင်ခဲ့ရပြီး ဂျိုဆွန်း၏ အိမ်ရှေ့စံဖြစ်...