Unicode Version
(မိဖုရားကြီး အိမ်တော်သို့ ပြန်ကာ အနားယူသည်မှာ ၃ ရက်ရှိသွားခဲ့ပြီဖြစ်ပြီး ထိုရက်များအတွင်း ဘုရင်မင်းမြတ် ငေးငေးငိုင်ငိုင်ဖြစ်နေသည်ကို သတိပြုမိသော မိန်းမစိုးဟုန်းက....)
အရှင်မင်းကြီး...ဂျယ်ယွန်းမင်းသားနဲ့လည်း မတွေ့ရတာကြာပြီဆိုတော့ အခုနေ မိဖုရားကြီးထံကို သွားကြည့် သလိုနဲ့ ဂျယ်ယွန်းမင်းသားဆီသွားရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။
အင်း...အဲ့ဒီလိုပဲ လုပ်ကြတာပေါ့....ပြင်ထားလိုက် ဘို့ဒုံ....ခဏနေသွားကြမယ်။ မဟုတ်သေးဘူး...စားဖိုဆောင်ကို မိဖုရားကြီးကြိုက်တတ်တဲ့ မုန့်တွေ...မဟုတ်ဘူး...ဂျယ်ယွန်းမင်းသားကြိုက်တတ်တဲ့မုန့်တွေ လုပ်ခိုင်းလိုက်ပါ။
မိဖုရားကြီးဆီလည်းသွားမှာဆိုတော့ ကျွန်တော်မျိုး မိဖုရားကြီးအတွက်ပါ လုပ်ခိုင်းလိုက်ပါမယ် အရှင်မင်းကြီး..
အင်း..အဲ့ဒီလိုပဲ လုပ်လိုက်ပါ။
(ဘို့ဒုံတစ်ယောက် ထိုသို့လျှောက်တင်ကာ ထွက်သွားလိုက်သည်။ ဘုရင်မင်းမြတ် မိဖုရားကြီးကို သတိရနေတာ အသိသာကြီးကို...ဒီတော့လည်းဒီငယ်သားကပဲ ကြံဖန်ပေးရတော့တာပေါ့။ တကယ်လို့ အရှင်မင်းကြီးသာ ယောက်ျားလေးဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ မိဖုရားကြီးကလည်း အရှင့်ကို ဒီလောက်ချစ်မြတ်နိုးတာ။ သေချာတာကတော့ အရှင်မင်းကြီးလည်း မိဖုရားကြီးအပေါ် ခံစားချက်တော့ ရှိနေပုံပါ။ ဘာလို့များ.........
ဤသို့ဖြင့် မကြာမီတွင် ဘုရင်မင်းမြတ် နန်းပြင်ထွက်ကာ ဂျယ်ယွန်းမင်းသား အိမ်တော်သို့ ဘယ်သူမှ မသိအောင် သွားခဲ့သည်။ အိမ်တော်တွင်တော့ ကိုယ်ရံတော်ချုပ်ယွန်းနှင့် မြားပစ်လေ့ကျင့်နေသော ဂျယ်ယွန်းမင်းသားကို တွေ့ရသည်။ ဘုရင်မင်းမြတ်ကို မြင်သည်နှင့် ဂျယ်ယွန်းမင်းသားက........)
ဘယ်တုန်းက ရောက်တော်မူနေတာပါလဲ အရှင်မင်းမြတ်။
အခုလေးတင်ပါပဲ...မဆိုးဘူး ယွန်းလေး...လက်ရည်အတော်တက်လာတာပဲ။
ကိုယ်ရံတော်ချူပ်ယွန်းရဲ့ အနီးကပ်သင်ပြပေးမှုကြောင့်ပါ အရှင်မင်းမြတ်..
YOU ARE READING
The King's Affection (FanFiction)
Historical Fiction(ဘုရင့်မြေးတော် အမွှာအဖြစ်မွေးဖွားလာခဲ့သော်လည်း မိန်းကလေးဟူသောအဖြစ်ကြောင့် သေမိန့်ပေးခံခဲ့ရပြီး နန်းပြင်တွင်ခက်ခဲစွာ နေခဲ့ရသောသူမ၊ ကံကြမ္မာရဲ့ စေစားမှုကြောင့် သေဆုံးသွားတဲ့ အမွှာအစ်ကိုဖြစ်သူ လီဟွီ၏ နေရာတွင် ဟန်ဆောင်ခဲ့ရပြီး ဂျိုဆွန်း၏ အိမ်ရှေ့စံဖြစ်...