(နန်းတော်ထဲတွင် ပြေးနေသော လူတစ်အုပ်ကို မြင်နိုင်မည်ဖြစ်ပြီး သေချာကြည့်လျှင် ရှေ့က ဦးဆောင် ပြေးနေသူမှာ မိဖုရားခေါင်ကြီးဖြစ်ပြီး အနောက်မှ လိုက်နေရသူများမှာတော့ ရှန့်ကုံးများ အပျိုတော်များ ဖြစ်လေသည်။ ဘုရင်မင်းမြတ် ရှိနေတတ်သည့်နေရာများကို သွားရောက်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဘုရင်မင်းမြတ်မှာ သူ့အဆောင်တော်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အဆောင်သို့အသွား လမ်းတွင် သူမ၏ အဖေကို တွေ့လိုက်ရလေသည်မို့ အပြေးသွားကာ..)
အဖေ...
မိဖုရားခေါင်ကြီး အပြောအဆို သတိထားတော်မူပါ။ အခုကျွန်တော်မျိုးကို အဖေလို့ခေါ်လို့မရတော့ပါဘူး..
ဟီး...သမီးက နန်းတွင်းစည်းကမ်းတွေနဲ့ ကျင့်သားမရသေးလို့ပါ...စစ်မှုရေးရာ အမတ်ကြီး...
ဟုတ်ကဲ့ပါ မိဖုရားခေါင်ကြီး...ဒါနဲ့ လက်ထဲက ဘာများပါလဲ..
(မိဖုရားခေါင်ကြီးက သူ့အဖေအနား တိုးတိုးလေးကပ်ကာ....)
ဘုရင်မင်းမြတ်ကိုပေးမယ့် မေတ္တာစာပါ...ဒါပေမဲ့ မောင်တော်က ဖတ်ရောဖတ်ရဲ့လား မသိပါဘူး တစ်ခါမှလည်း ပြန်စာ မရဖူးဘူး...
သေချာပေါက် ဖတ်မှာပါ။ ဒါပေမဲ့ အရှင်မင်းမြတ်က နန်းတက်ခါစဆိုတော့ အလုပ်တွေ များနေတယ်မှတ်လား။ ပြန်စာမရေးနိုင်တာ ဖြစ်ပါလိမ့်မယ်..
ဟုတ်တယ်နော်...ဒါဆို အခုသွားလိုက်ဦးမယ်....
(မိဖုရားခေါင်ကြီးကားပြောပြောဆိုဆို အပြေးသွားရင်းက ခလုတ်တိုက်ကာ လဲကျပြန်သဖြင့် စစ်မှုရေးရာ အမတ်ကြီးမှာလည်း ဘုရားသာ တနိုင်လေတော့သည်။ ဒီသမီးတစ်ယောက်နဲ့တော့.....။ ဘုရင်မင်းမြတ် နန်းဆောင်သို့ အပြေးရောက်လာသော မိဖုရားကြီးမှာ ဂင်ရှန့်ကုံးအကြောင်းကြားသည်ကိုပင် မစောင့်ဘဲ တံခါးကို ဖွင့်ကာ အတင်းဝင်သွားသည်တွင် နန်းဆောင်ထဲမှ ပြန်ထွက်လာသော ဆရာဂျောင်နှင့် တိုက်မိတော့သည်။ ဘုရင် မင်းမြတ်မှာလည်း ကြောင်သွားသလို ဆရာဂျောင်မှာလည်း ပြန့်ကျဲကုန်သော လျှောက်တင်လွှာများကို လိုက်ကောက် ရလေတော့သည်။ မိဖုရားခေါင်ကြီးမှာလည်း ထိုအခါမှ သူလွန်သွားသည်ကို သိပြီး ချက်ခြင်း အခန်း ထဲမှ ပြန်ထွက်သွားလိုက်သည်။ အပြင်တွင်တော့ ဂင်ရှန့်ကုံးက....)
KAMU SEDANG MEMBACA
The King's Affection (FanFiction)
Fiksi Sejarah(ဘုရင့်မြေးတော် အမွှာအဖြစ်မွေးဖွားလာခဲ့သော်လည်း မိန်းကလေးဟူသောအဖြစ်ကြောင့် သေမိန့်ပေးခံခဲ့ရပြီး နန်းပြင်တွင်ခက်ခဲစွာ နေခဲ့ရသောသူမ၊ ကံကြမ္မာရဲ့ စေစားမှုကြောင့် သေဆုံးသွားတဲ့ အမွှာအစ်ကိုဖြစ်သူ လီဟွီ၏ နေရာတွင် ဟန်ဆောင်ခဲ့ရပြီး ဂျိုဆွန်း၏ အိမ်ရှေ့စံဖြစ်...