Unicode
( ဆိုအွန်းတစ်ယောက် ၃ ရက်မြောက်နေ့တွင်တော့ သတိရလာခဲ့လေသည်။ သတိရရချင်း သူ့လက်ကို တစ်စုံတစ်ယောက် ကိုင်ထားသည်ကို သတိပြုမိလိုက်သဖြင့် ကြည့်လိုက်မိတော့ နဂါးဝတ်ရုံတော်ကို မချွတ်ရသေးပါဘဲ သူ့လက်ကို ကိုင်ကာ ငုတ်တုပ်လေး စက်ပျော်နေပါသော သူမြတ်နိုးရပါသော သူ့အရဲ့ အရှင်။ သူအိပ်မက်များ မက်နေတာလား.။ အရှင်က သူ့နားမှာ ဘာလို့ရှိနေတာလဲ... သူကရော ဘယ်ကိုရောက်နေတာလဲ...။ ဆိုအွန်း လှုပ်လိုက်သည်ကြောင့်ထင် ဘုရင်မင်းမြတ်နိုးလာပြီး ဆိုအွန်း သတိရလာသည်ကို မြင်သည်တွင်....)
ဆိုအွန်း...ဆိုအွန်း သတိရလာပြီ...ဘို့ဒုံ...ဘို့ဒုံ...သမားတော်ကြီးကို အမြန်ခေါ်...
အရှင်...ကျွန်တော်မျိုးမ အခု ဘယ်ကိုရောက်နေ...
ကိုယ်တော့် နန်းဆောင်မှာပါ။ အမတ်ကြီးကိုလည်း အကြောင်းကြားပြီးသားမို့ စိတ်မပူလည်းရတယ်။
အရှင့်..အရှင့် နန်းဆောင်မှာဆိုတော့.....
ကိုယ်တော့် နန်းဆောင်မှာဆိုပေမယ့် ဒါကလျှို့ဝှက်အခန်းပါ.....ကိုယ်တော့်အတွက် မစွန့်စားပါနဲ့လို့ ကိုယ်တော် မိန့်တ်ောမူခဲ့ပြီးသား မဟုတ်လား။ ဘာလို့ နားမထောင်ရတာလဲ။ ကိုယ်တော် ဘယ်လောက် စိတ်ပူနေခဲ့ရလဲ...
(ဘုရင်မင်းမြတ် ထိုသို့ မိန့်တော်မူလိုက်သည်တွင်တော့ ဆိုအွန်းတစ်ယောက် ဘုရင်မင်းမြတ် ကိုဖက်လိုက်မိ တော့သည်။ အရှင်...အရှင်က သူ့ကို စိတ်ပူနေသည်တဲ့လေ။ အရှင့်မျက်ဝန်းတွေကလည်း သူ့ကို မည်မျှ စိတ်ပူနေကြောင်း သက်သေခံနေသည်။ အရှင်ရယ် ကျွန်တော်မျိုးမသာ အရှင် အရင်ကမ်းလာတဲ့ လက်ကို လှမ်းခဲ့မိရင်....အခုဆို.....။ ဆိုအွန်းက ဖက်လာသဖြင့် ဘုရင်မင်းမြတ်က ဖယ်မည်ပြုသည်တွင်တော့.......)
ခဏလေးပါပဲ အရှင်.....ခဏလေးပါပဲ.....
(ဆိုအွန်းက ထိုသို့ပြောလာပြန်တော့လည်း ဘုရင်မင်းမြတ် မငြင်းနိုင်ပြန်ပါချေ။ သူတကယ်ပဲ ဆိုအွန်းအပေါ်တွင် မေတ္တာကြွေးတင်နေမိခဲ့သည် မဟုတ်ပါလား။ သို့သော်လည်း ထိုမြင်ကွင်းကို သမားတော်ကြီးနှင့်အတူ ဝင်လာသော မိဖုရားကြီး မြင်ဖြစ်အောင် မြင်ခဲ့ပါသည်။ ဝန်တိုစိတ်ကဖြစ်ပေါ်လာခဲ့သော်လည်း သူဝန်မတိုနိုင်ပြန် ပါပေ။ အချစ်ဆုံးသူငယ်ချင်းက သူချစ်မြတ်နိုးရပါသောမောင်တော့်အတွက် အသက်ကိုပင် ပေးခဲ့သည်မဟုတ်ပါ လား။
YOU ARE READING
The King's Affection (FanFiction)
Historical Fiction(ဘုရင့်မြေးတော် အမွှာအဖြစ်မွေးဖွားလာခဲ့သော်လည်း မိန်းကလေးဟူသောအဖြစ်ကြောင့် သေမိန့်ပေးခံခဲ့ရပြီး နန်းပြင်တွင်ခက်ခဲစွာ နေခဲ့ရသောသူမ၊ ကံကြမ္မာရဲ့ စေစားမှုကြောင့် သေဆုံးသွားတဲ့ အမွှာအစ်ကိုဖြစ်သူ လီဟွီ၏ နေရာတွင် ဟန်ဆောင်ခဲ့ရပြီး ဂျိုဆွန်း၏ အိမ်ရှေ့စံဖြစ်...