အခန်း (၂၅)

851 89 9
                                    

(ဘုရင်မင်းမြတ် ကြွမြန်းလာသည်ဖြစ်၍ မိဖုရားခေါင်ကြီးမှာ နန်းဆောင်ရှေ့မှ စောင့်ကြိုနေလေသည်။ သူ့ကို စောင့်ကြိုနေသော မိဖုရားကြီးကိုကြည့်ကာ သက်ပြင်းကိုသာ ခိုးချလိုက်မိသည်။ ထို့နောက် နန်းဆောင်ထဲသို့ ကြွးသွားလိုက်တော့သည်။ မကြာမီတွင်တော့ စားသောက်ဖွယ်ရာများ ဆက်လာလေသဖြင့် ဘုရင်မင်းမြတ် စကား မဆိုမိဘဲ အရက်ကိုသာ သောက်နေမိပြန်သည်။ မိဖုရားကြီးမှာတော့ ဘေးနားတွင် ရှက်ပြုံးလေးဖြင့် ထိုင်နေရင်း ဘုရင်မင်းမြတ်ကို အရက်ငှဲ့ပေးမည်ပြုသည်တွင် ထုံးစံအတိုင်း လွဲတတ်သော မိဖုရားပီပီ...ဘုရင်မင်းမြတ်ပေါ်သို့ အရက်များ‌ ဖိတ်ကုန်လေသဖြင့်.......)

စိုးရွံ့မိပါတယ် မောင်တော်...နှမတော် စိတ်လှုပ်ရှားနေမိလို့ပါ...

(ပြောလည်းပြော ပုဝါဖြင့်လည်း သုတ်ပေးနေသဖြင့်...ဘုရင်မင်းမြတ်က မိဖုရားကြီးလက်ကို ကိုင်ကာ ဖယ်လိုက်ပြီး....)

ရပါတယ်..ထားလိုက်ပါ...နှမတော် ဒီနေ့ကို အကြာကြီးစောင့်နေခဲ့ရတယ် မဟုတ်လား

ရှင်..

တစ်ညတာအတူ ဖြတ်သန်းမှု ဒီနေ့က ပထမဆုံးမဟုတ်လား...

(ဘုရင်မင်းမြတ်က ထိုသို့မိန့်တော်မူလိုက်သည့်အခါ မိဖုရားကြီး၏ ပါးပြင်နှစ်ဖက်က ရှက်သွေးများဖြာသွားရင်း က....)

မောင်တော့်အတွက် သားတော်လေး မွေးဖွားပေးပြီးမောင်တော့်ကို ပျော်ရွှင်စေလိုတာက နှမတော်ရဲ့ တစ်ခုတည်းသော ဆန္ဒပါပဲ... အာ.. ဒါပေမဲ့ နှမတော့်မှာ တစ်ခြားမကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး....ဒီအတိုင်း... ဒီအတိုင်း မောင်တော့်အတွက် သားတော်လေး မွေးပေးချင်ရုံပါပဲ..

ယုံပါတယ်...

ရှင်...

နှမတော့်မှာ တစ်ခြားရည်ရွယ်ချက်မရှိဘူးဆိုတာကို ယုံပါတယ်...ဒါပေမဲ့ မောင်တော်အခုပြောမှာကို သေချာနား ထောင်ပေးပါ...မောင်တော့်မှာ နှမတော့်ကို မထီမဲ့မြင်ပြုချင်တဲ့ စိုးစဉ်းမျှ မရှိဘူးဆိုတာလည်း ယုံပေးပါ...အခု ဒီအခန်းထဲက ထွက်သွားလို့ရပေမဲ့ နှမတော် သိက္ခာကျစေမယ့် အဲ့ဒီလိုအလုပ်မျိုးကိုလည်း မလုပ်နိုင်ပါဘူး...ဒါပေမဲ့ မိဖုရားကြီး နှမတော့်ကိုလည်း နန်းဆက်ရဖို့သက်သက်ပဲ အသုံးတော်ခံရတဲ့သူလည်း မဖြစ်စေလိုဘူး..

The King's Affection (FanFiction)Kde žijí příběhy. Začni objevovat