အခန်း (၄၇)

278 35 10
                                    

(ကိုယ်ရံတော် တပ်မှူးချုပ်တို့နှင့် လျှို့ဝှက်တွေ့ဆုံနေကျနေရာတွင် ဘုရင်မင်းမြတ်စောင့်နေသည်မှာ အတော်ကြာပြီဖြစ်သော်လည်း ကိုယ်ရံတော်တပ်မှူးချုပ်၏ အရိပ်အယောင်ကိုပင် မမြင်ရသေးသဖြင့် ဘုရင်မင်းမြတ် စိုးရိမ်စပြုလာလေသည်။ ကိုယ်ရံတော်တပ်မှူးချုပ်မှာ တစ်ကြိမ်တစ်ခါမျှပင် နောက်မကျဘူးသည် မဟုတ်ပါလား။ ထို့ကြောင့်...)

ဘို့ဒုံ...ကိုယ်တော်စိတ်လေးနေတယ်....ကိုယ်ရံတော်တပ်မှူး တစ်ခုခုမဖြစ်လောက်ပါဘူးနော်။

မဖြစ်လောက်ပါဘူး အရှင်....တပ်မှူးချုပ်ရဲ့ ဓါးရေးကို ယှဉ်နိုင်တဲ့သူ သိပ်မရှိပါဘူး။ အကြောင်းတစ်စုံတစ်ရာ ‌ကြောင့်နှောင့်နှေးနေတာ ဖြစ်မှာပါ။

အဲ့လိုပဲဖြစ်ပါစေလို့ ကိုယ်တော်မျှော်လင့်ပါတယ်။

(ဤသို့ဖြင့်အတန်ကြာသည်အထိ စောင့်ပြီးသွားသည်တွင်တော့ ဘုရင်မင်းမြတ် စောင့်နိုင်စွမ်း မရှိတော့သဖြင့်....)

ဂါအွန်း.....တပ်မှူးချုပ်နောက်ကို လိုက်ကြည့်လိုက်ပါဦး...

ကျွန်တော်မျိုးသွားရင် အရှင့်ကို ကာကွယ်ဖို့က....

ကိုယ်တော်ဒီမှာ ဘာကိစ္စမှ ရှိမှာမဟုတ်ပါဘူး အမြန်သွားချေ။

(ဂါအွန်းတစ်ယောက် ထွက်သွားပြီး အတန်ကြာသည်တွင်တော့ ပြန်ရောက်လာခဲ့သည်။ သို့သော် တပ်မှူးချုပ်နှင့် အတူမဟုတ်ဘဲ ဒဏ်ရာရနေသော် ဆိုအွန်းမိန်းကလေးပါ ပါလာသဖြင့်.....)

ဆိုအွန်း....ဆိုအွန်းက ဘာလို့..ဂါအွန်း တပ်မှူးချုပ်ရော....

အရှင်....တပ်မှူးချုပ်...တပ်မှူးချုပ်.....

(ထိုအချိန်တွင် ဆိုအွန်းတစ်ယောက် သူ့အင်္ကျီထဲတွင် သိုဝှက်ထားသော စာအုပ်ကို ထုတ်ပေးလိုက်ပြီး....)

တပ်မှူးချုပ်က အရှင့်ကို ဒါလေးပေးဖို့မှာ...မှာ..သွား...

(ဆိုအွန်းလည်း ထိုမျှသာ ပြောပြီး သတိမေ့သွားသဖြင့်...)

ဆိုအွန်း....ဆိုအွန်း...ဘို့ဒုံ...သမားတော်....သမားတော်ကို အမြန်ခေါ်ခဲ့....

The King's Affection (FanFiction)Where stories live. Discover now