(ဒါမီမှသည် လီဟွီအဖြစ်ပြောင်းကာနေခဲ့ရသည်မှာ ၂ နှစ်ရှိလာခဲ့ပြီဖြစ်သည်။ ဒီ ၂ နှစ်အတွင်း မင်းသားလေး၏ နေ့နေ့ညည ကြိုးစားအားထုတ်မှုကြောင့် ဆုံးသွားပြီဖြစ်သော အစ်ကိုတော့် ခြေရာကို လိုက်မှီခဲ့ပြီဖြစ်သည်။ ဒီတစ်နှစ်အတွင်း အများကြီးပြောင်းလဲခဲ့လေသည်။ အိမ်ရှေ့မိဖုရား ကံတော်ကုန်ပြီး မကြာမီတွင်ပင် ဘုရင် မင်းမြတ် နတ်ရွာစံပြီး အိမ်ရှေ့စံက ဘုရင်ဖြစ်လာခဲ့သည်။ ဘုရင်မင်းမြတ် မကြည်ဖြူသည့်ကြားမှပင် ဘွားတော်နှင့် မင်းသားလေး အဘိုး၏ ထောက်ပံ့မှုကြောင့် မင်းသားလေးကား အိမ်ရှေ့စံဖြစ်လာခဲ့လေသည်။ မယ်တော် ကံတော်ကုန်ပြီးနောက်ပိုင်း ခမည်းတော်ကား အသစ်တင်မြှောက်သော မိဖုရားခေါင်ကြီး နားတွင်သာ နေပြီး မိဖုရားခေါင်ကြီးက မွေးသော သားတော်အငယ် ဂျယ်ယွန်းမင်းသားကို ပို၍ချစ်ခင်ပြီး မင်းသားလေးကိုတော့ ခပ်စိမ်းစိမ်းသာ ဆက်ဆံခဲ့လေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဖခင်မေတ္တာရော မိခင်မေတ္တာပါ ငတ်ခဲ့ပြီး အထီးကျန်ကာ အေးစက်စက်ဖြစ်လာခဲ့သော မင်းသားလေးမှာ သူ့ရံရွေတော်များကိုလည်း ခြေလှမ်း ငါးလှမ်း အကွာကသာ ခစားခိုင်းသဖြင့် ရေခဲမင်းသား ခြေလှမ်းငါးလှမ်းမင်းသား စသော နာမည်ပြောင်များလည်း ရလာခဲ့ လေသည်။
မင်းသားလေး ဘယ်သူမှမသိအောင် ထိုင်နေတတ်သည့်နေရာတစ်ခုကား ဒါမီအဖြစ်နေခဲ့သော အိမ်အိုလေးရှိသည့် နေရာလေးပင်ဖြစ်သည်။ ထိုနေရာရှိ ကြာကန်ဘေးတွင် ထိုင်ကာ ဘာမှမတွေးဘဲ ငေးနေမိတတ်သည်။ ဒီနေ့လည်း ကြာကန်လေးနား ထိုင်ပြီးငေးနေတုန်း.......ဗုန်းဆိုသည့်အသံကြားသဖြင့် ကြည့်လိုက်မိသော ရေနစ်နေသော မိန်းကလေး တစ်ယောက်......ဒီနေရာကို ဘယ်က မိန်းကလေးက......ကြာကြာမတွေးလိုက်အားပဲ ထိုမိန်းကလေးကို ဆယ်ရတော့သည်။ ရေထဲမှ ပြန်တက်လာသည့်တိုင် အသက်မရှူသော ထိုကောင်မလေးကို အရေးပေါ်နည်းဖြင့် ကယ်ဆယ်လိုက်ရသည်။ ရေများပြန်အန်ထွက်လာပြီး သတိရတော့မည့် အရိပ်ယောင်မြင်မှ အမြန်ပုန်းအောင်းလိုက်ရသည်။ မိန်းကလေး အေးမှာစိုးသည့်အတွက် သူ့အပေါ်ရုံကို ချွတ်ကာ ခြုံပေးထားမိသည် မဟုတ်ပါလား။
ESTÁS LEYENDO
The King's Affection (FanFiction)
Ficción histórica(ဘုရင့်မြေးတော် အမွှာအဖြစ်မွေးဖွားလာခဲ့သော်လည်း မိန်းကလေးဟူသောအဖြစ်ကြောင့် သေမိန့်ပေးခံခဲ့ရပြီး နန်းပြင်တွင်ခက်ခဲစွာ နေခဲ့ရသောသူမ၊ ကံကြမ္မာရဲ့ စေစားမှုကြောင့် သေဆုံးသွားတဲ့ အမွှာအစ်ကိုဖြစ်သူ လီဟွီ၏ နေရာတွင် ဟန်ဆောင်ခဲ့ရပြီး ဂျိုဆွန်း၏ အိမ်ရှေ့စံဖြစ်...