(ဘုရင်မင်းမြတ် နန်းတော်ပြန်ရောက်ပြီး ဂင်ရှန့်ကုံးက ဘုရင်မင်းမြတ် အဝတ်များကို ကူချွတ်ပေးသည့် အချိန်တွင်တော့ ဘုရင်မင်းမြတ်ဝတ်ထားသည်များက.. ဘုရင်မင်းမြတ်ထွက်သွားတုန်းက သာမန် လူတန်းစားတို့ ၏ အဝတ်များကိုသာ ဝတ်ထားခဲ့တာ မဟုတ်လား။ ပြီးတော့ ဒီဝတ်စုံက ဘုရင်မင်းမြတ်တွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။ ထို့ကြောင့်...)
အရှင်မင်းကြီး ဒီဝတ်စုံက..
အာ..ဆိုအွန်းမိန်းကလေး ပေးလိုက်တာ..
ရှင်...
ဘာဖြစ်လို့လဲ ဂင်ရှန့်ကုံး..
အရှင်မင်းကြီး..မိန်းကလေးက ယောက်ျားလေးကို အင်္ကျီလက်ဆောင်ပေးတယ်ဆိုတာ ဘာအဓိပ္ပာယ်မှန်း သိပါရဲ့ မဟုတ်လား..
အာ..ဒါလား ကိစ္စမရှိပါဘူး.. ဆိုအွန်းမိန်းကလေး စိတ်ထဲမှာက ဆရာဂျောင်ကိုပဲရှိတာပဲကို.. ဒီအတိုင်းကိုယ်တော် ဘို့ဒုံနဲ့ကွဲသွားပြီး ပိုက်ဆံမပါလို့ ဝယ်ပေးလိုက်တာပါ..
ရှင်...ဘို့ဒုံနဲ့ ကွဲသွားတယ်...တကယ်ပဲ ဘယ်လိုတောင် ခစားလို့ လူကွဲရတာလဲ..ဒီကောင်လေးကတော့..
အာ..ဂင်ရှန့်ကုံး.. မယ်မင်းကို ပြန်မပြောပါဘူးလို့ ပြောထားတာ..ဘို့ဒုံကို မဆူနဲ့ဦးနော်... ကိုယ်တော် မတော်တဆ ပြောလိုက်မိတာဆိုတော့....
အရှင်မင်းကြီး...
ကျေးဇူးပြုပြီး..
အရှင်မင်းကြီးကတော့လေ...ဒါနဲ့ ကျွန်တော်မျိုးမ ခဏနေ ပွဲတော်စာ ပြင်ခိုင်းလိုက်ပါ့မယ်..
နေပါစေတော့ ကိုယ်တော်စားလာခဲ့ပြီ..
ရှင်... အရှင်မင်းကြီး ဘာလို့အပြင်မှာ စားလာရတာလဲ.. သန့်လား မသန့်လားမသိ။ ပြီးတော့...
ပြည်သူတွေ စားနေကြတာပဲ မဟုတ်ဘူးလား။ ပြီးတော့ ဆိုအွန်းမိန်းကလေးလည်း စားတာဆိုတော့ ဘာမှ မဖြစ်လောက်ပါဘူး..
ရှင်..ဆိုအွန်း မိန်းကလေးနဲ့အတူ...
အင်း....
အရှင်မင်းကြီး ဆိုအွန်းမိန်းကလေးနဲ့ ခဏခဏတွေ့တာ မကောင်းပါဘူး... အနေနီးစပ်တာများသွားရင်... အရှင်မင်းကြီးကလည်း အရမ်းခန့်ညားလွန်းတော့...
CZYTASZ
The King's Affection (FanFiction)
Historyczne(ဘုရင့်မြေးတော် အမွှာအဖြစ်မွေးဖွားလာခဲ့သော်လည်း မိန်းကလေးဟူသောအဖြစ်ကြောင့် သေမိန့်ပေးခံခဲ့ရပြီး နန်းပြင်တွင်ခက်ခဲစွာ နေခဲ့ရသောသူမ၊ ကံကြမ္မာရဲ့ စေစားမှုကြောင့် သေဆုံးသွားတဲ့ အမွှာအစ်ကိုဖြစ်သူ လီဟွီ၏ နေရာတွင် ဟန်ဆောင်ခဲ့ရပြီး ဂျိုဆွန်း၏ အိမ်ရှေ့စံဖြစ်...