အခန်း (၃၄) အနမ်းတစ်ပွင့် ခြွေဆင်းလေသလား

872 88 13
                                    

Unicode Version

(ဘုရင်မင်းမြတ် စာကြည့်‌ဆောင်တွင် စာဖတ်နေသည်မှာ ကြာပြီဖြစ်သည့်အပြင် ညဉ့်လည်း နက်လာပြီ ဖြစ်သဖြင့် အထိန်းတော်ချုပ်က.....

အရှင်မင်းမြတ်...ညဉ့်နက်လှပါပြီ စက်တော်ခေါ်သင့်ပါပြီ။

ဖတ်ရမှာတွေက သိပ်မကျန်တော့ပါဘူး။ ဒါလေးတွေ ပြီးအောင် ဖတ်လိုက်ဦးမယ်။ ဘို့ဒုံ မောင်မင်း ခဏ နားရင် နားလေ။ ဂင်ရှန့်ကုန်းကိုလည်း စောစော အနားယူခိုင်းလိုက်ပါ။ ကိုယ်တော် ခဏနေလိုက်ဦးမယ်။

ကျွန်တော်မျိုး အရှင့်ကို စောင့်နေပါမယ်။

ခဏ သွားနားလိုက်ပါ။ ကိုယ်တော် မကြာတော့ပါဘူး။

အရှင်

ဘို့ဒုံ..

အမိန့်တော် အတိုင်းပါ။

(ဘို့ဒုံ ထွက်သွားပြီး အတန်ကြာသည်တွင်တော့ မိဖုရားကြီး ဆေးဗန်းလေးကို ကိုင်ကာ ဘုရင်မင်းမြတ်၏ စာြကည့်ဆောင်သို့ ထွက်လာခဲ့သည်။ ဒီရက်ပိုင်းအတွင်းတွင် ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့ကြား ဆက်ဆံရေးကား အ‌တော်ပင် တိုးတက်လာခဲ့သည် မဟုတ်ပါလား။ ညစာကို အတူမစားဖြစ်သည့်တိုင် နေ့လယ်စာကိုတော့ နေ့တိုင်းနီးပါးပင် အတူစားဖြစ်ခဲ့ပြီး ညတိုင်းတွင်တော့ မိဖုရားကြီး ကိုယ်တိုင် ဘုရင်မင်းမြတ် အတွက် အားဆေးကို လာဆက်မြဲဖြစ်သည်။ ထို့ကြောင့်ပင် စာကြည့်ဆောင်သို့ မိဖုရားကြီး ဆေးလာဆက်သည့်အခါတွင် အကြောင်းကြားရန် မလိုဘဲ ဝင်နိုင်ခွင့်ကို ဘုရင်မင်းမြတ်က ပေးအပ်ခဲ့သည်။ ယခုလည်း မိဖုရားကြီး စာကြည့်ဆောင် ဘုရင်မင်းမြတ်စံရာတွင် ဘုရင်မင်းမြတ်ကို မတွေ့ရသည်ကြောင့် ဟိုဟို ဒီဒီလှည့်ကြည့်မိတော့ လက်ထဲတွင် စာအုပ်ကိုင်ထားရင်း စာအုပ်စင်ကို မှီကာ စက်ပျော်နေရှာသော ဘုရင်မင်း မြတ်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဆေးဗန်းလေးကို ဘေးချကာ ဘုရင်မင်းမြတ် လက်ထဲက စာအုပ်ကို အသာယူလိုက်သည်။ ထို့နောက် ဘုရင်မင်းမြတ် သက်တောင့်သက်သာ ဖြစ် စေရန်လည်း ကိုယ်ဟန်ကို ပြင်ပေးလိုက်ကာ ပေါင်ပေါ်တွင် ခေါင်းအုံးကာ အိပ်စေလိုက်သည်။

The King's Affection (FanFiction)Where stories live. Discover now