Unicode Version
(အချိန်တစ်ခုကြာသွားသည့်တိုင် ကောလဟာလများက ပျောက်မသွားခဲ့ပေ။ ထိုသို့ဖြစ်ရန်လည်း ဝန်ဆန်းမင်းသားက နောက်ကွယ်ကနေ တိတ်တဆိတ်ကြိုးကိုင်နေခဲ့သည် မဟုတ်ပါလား။ ဆိုအွန်းတင်လျှောက် လာခဲ့သည်ကြောင့် ဦးရီးတော်ချန်ဝန်းမင်းသား အသက်ရှင်နေသေးသည်ကို သိသော်လည်း ဘုရင်မင်းမြတ် ချက်ခြင်း မဖော်ထုတ်ခဲ့သေးပေ။ ကင်ဂါအွန်းကိုသာ တိတ်တဆိတ် စောင့်ကြည့်ခိုင်းထားခဲ့သည်။ သူ့အဘိုးနှင့် ဝန်ဆန်းမင်းသားတို့ ကြံစည်နေသည်ကို တပ်လှန့်လိုက်သလိုဖြစ်မှာစိုးသည့်အတွက် သက်သေမခိုင်လုံသေးလျှင် သူမလှုပ်ရှားဝံ့ပေ။ ခေါင်းကိုက်စရာတစ်ခုကတော့...ညီလာခံတိုင်းပင် နန်းဆက်သွေး ဖွားနိင်ရေးကိုသာ တိုက်တွန်းနေကြခြင်းပင်။ အခုဆိုလျှင် ဆောင်ကျန်ကွမ်က ကျောင်းသားတွေပါ ပါလာခဲ့လေသည်။ မိန်းကလေးဆိုသော ကောလဟာလနှင့် မိဖုရားကြီးထံတွင် အခုထိ နှုတ်ငုံတော် မရှိသေးခြင်း၊ လက်ဆက်ခဲ့သော တစ်နှစ်ကျော်အတွင်း မိဖုရားကြီးနှင့် ခန်းစက်ရာအတူဝင်သည့်ရက်မှာ မရှိသလောက်နည်းလွန်းနေခြင်းများက အမတ်များ၏ ထောက်ပြစရာများဖြစ်နေခဲ့လေသည်။ ဒီနေ့လည်း....
အရှင်မင်းကြီး ကြင်ယာတော် မြှောက်မည့်အရေးကို အလေးပေး စဉ်းစားတော်မူပါ။
မောင်မင်းတို့တွေ ညီလာခံမှာ လျှောက်တင်စရာ ဘာမှ မရှိကြတော့ဘူးလား။ တစ်နေ့တစ်နေ့ ဒီအရေးကိုပဲ လျှောက်တင်နေကြတာ မငြီးငွေ့နိုင်ကြသေးဘူးလား။
နန်းဆက်ထက်အရေးကြီးတာ ရှိပါဦးမလား အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့သာမဟုတ်ဘဲ ဆောင်ကျန်ကွမ်က ကျောင်းသားတွေပါ အခု အရှင့်အတွက် စိုးရိမ်နေကြရပါတယ်။
ကိုယ်တော်ရော မိဖုရားကြီးရောရဲ့အသက်က ငယ်သေးတာကို မောင်မင်းတို့က ဘာတွေများစိုးရိမ်နေကြတာလဲ။ မောင်မင်းတို့က ကိုယ်တော်မိဖုရားကြီးအဆာင်ကူးတာ နည်းတယ်ဆိုပြီးပြောကြပြန်သေးတယ်။ ဒါပေမဲ့ ကိုယ်တော် နက္ခတ်ဌာနက ထုတ်ပြန်တဲ့ရက်တိုင်းသွားတာပဲ မဟုတ်လား။ ကိုယ်တော့်ရဲ့ ပထမဆုံး ရင်သွေးတော်လေးကို အဘက်ဘက်က ပြည့်စုံတဲ့သူပဲဖြစ်စေချင်လို့ နက္ခတ်ဌာနက ထုတ်ပြန်တဲ့ ရက်အတိုင်းသွားတဲ့ ကိုယ်တော့်မှာ အပြစ်ရှိတယ်တဲ့လား။ ကောင်းပြီလေ...မောင်မင်းတို့က အရမ်းကို စိုးရိမ်နေကြ တော့လည်း ကိုယ်တော်ဒီနေ့ကစပြီး မိဖုရားကြီးနန်းဆောင်မှာ ညတိုင်းစံတော်မူမယ်ဆိုရင်လည်း မကောင်းတဲ့ ကိစ္စမှ မဟုတ်တာဘဲ။
YOU ARE READING
The King's Affection (FanFiction)
Historical Fiction(ဘုရင့်မြေးတော် အမွှာအဖြစ်မွေးဖွားလာခဲ့သော်လည်း မိန်းကလေးဟူသောအဖြစ်ကြောင့် သေမိန့်ပေးခံခဲ့ရပြီး နန်းပြင်တွင်ခက်ခဲစွာ နေခဲ့ရသောသူမ၊ ကံကြမ္မာရဲ့ စေစားမှုကြောင့် သေဆုံးသွားတဲ့ အမွှာအစ်ကိုဖြစ်သူ လီဟွီ၏ နေရာတွင် ဟန်ဆောင်ခဲ့ရပြီး ဂျိုဆွန်း၏ အိမ်ရှေ့စံဖြစ်...