အခန်း (၃၇)

633 89 22
                                    

Unicode Version

(ဘုရင်မင်းမြတ် ရုတ်တရက် ထွက်သွားသဖြင့် စောစောက ဝေးရာက ခစားနေကြသော ဂင်ရှန့်ကုန်းတို့မှာ အနောက်မှ ခပ်သုတ်သုတ်လိုက်ကြရပြန်သည်။ မိဖုရားကြီး နန်းဆောင် အတွင်းဆောင် တံခါးဝတွင်တော့ မိဖုရားကြီးရဲ့ အပျိုတော်ဖြစ်သူ ယိုဂုံးက.......)

စိုးရွံ့မိပါတယ် အရှင်မင်းမြတ်...မိဖုရားကြီးက စက်တော်ခေါ်နေပြီဖြစ်လို့......ဒါမှမဟုတ် ကျွန်တော်မျိုးမ အရှင် မိဖုရားကို နှိုးပြီး အရှင့်ကို ကြိုဆိုဖို့ တင်လျှောက်လိုက်ပါမယ်။

(ဘုရင်မင်းမြတ် ယိုဂုံးကို ကြည့်လိုက်မိသည်။ စက်တော် ခေါ်နေပြီတဲ့လား ဒီအချိန်နဲ့ ဒီအချိန်လေးအတွင်းမှာ ဘယ်လိုလုပ်ပြီး စက်တော်ခေါ်နေတာ ဖြစ်နိုင်ပါမည်လဲ။ သူ့ကို မတွေ့လို၍သာဖြစ်ရမည်။ ထို့ကြောင့်...)

နေပါစေတော့...မနက်မှသာ ကိုယ်တော်ကြွမြန်းသွားတယ်လို့ လျှောက်လိုက်ပါ။

(ဘုရင်မင်းမြတ် ကျောခိုင်းလျက် လှည့်ထွက်မည်အပြုတွင် ခန်းဆောင်တွင်းမှ ဝုန်းကနဲ မြည်သံကြားလိုက်ရ သဖြင့်.....အလျင်အမြန်ပင် အဆောင်တော်တံခါးကို ဆွဲဖွင့်ကာ ဝင်သွားမိတော့ လဲကျနေသော မိဖုရားကြီးကိုတွေ့ လိုက်ရသည်။ ထို့ကြောင့် အမြန်ထွေးပွေ့မိတော့ မျက်နှာတော်တွင် မျက်ရည်များ စို့နေလျက် သတိမေ့နေသည်ကို တွေ့လိုက်ရသဖြင့်........)

သမားတော်.....သမားတော် အမြန်ခေါ်ကြစမ်း...

(မကြာမီတွင် သမားတော်ရောက်လာပြီး စမ်းသပ်ပြီးသွားသည်တွင်တော့...)

သမားတော်ကြီး အခြေအနေ ဘယ်လိုရှိလဲ...

အရှင်မိဖုရား ပြန်လည်ကျန်းခံ့တော် မူလာတာ မကြာသေးဘဲ စိတ်...အဲ နည်းနည်းပင်ပန်းသွားလို့ ဖြစ်ပါလိမ့်မယ်။ ‌ မကြာခင် ပြန်သတိရတော်မူလာမှာပါ။ စိုးရိမ်စရာတော့ မရှိပါဘူး အရှင်မင်းမြတ်။

(သမားတော်ကြီးက ထိုသို့လျှောက်တင်သည့်အခါ ဘုရင်မင်းမြတ် လက်ကို အသာယမ်းလိုက်လေလျှင် အားလုံး အလိုက်သိစွာဖြင့် ထွက်သွားကြတော့သည်။ မိဖုရားကြီးရဲ့ နဖူးဆံစလေးများကို အသာသပ်ပေးနေရင်း ညိုးငယ်နေသော မျက်နှာတော်လေးကို မြင်တော့ သနားကာ အားနာစိတ်တို့လည်း ပိုလာရသည်။ သူ မိဖုရားကြီးအပေါ် တကယ်ပင် မတရားခဲ့ပေ။ နှမတော်ရယ်.....မောင်တော် ဘယ်လိုများ လုပ်ရပါ့မလဲ။

The King's Affection (FanFiction)Donde viven las historias. Descúbrelo ahora