အပိုင်း(2)အိမ်

2K 115 0
                                    

Uni

သူများတွေအတွက် အိမ်ဆိုတာနွေးထွေးလုံခြုံတဲ့နေရာတဲ့ ရှောင်ကျန့်ရဲ့အိမ်လို့မဆိုသာတဲ့အိမ်ကတော့

အခန်းကျဉ်းလေးတစ်ခုမှာရေချိုးခန်း...အိမ်သာအတွဲလိုက်ပါသောအခန်းရယ်...ဆူညံတဲ့အိမ်နီးချင်းတွေရယ် အနံဆိုးတွေထွက်နေတဲ့မြောင်းအနံ့ရယ် ကျောချစရာအခင်းအပါးတစ်ခုသာခင်းထားတဲ့အေးစက်စက်အိပ်စရာနေရာရယ်..ဒါသူ့အိမ်ပေါ့

အသင့်စားခေါက်ဆွဲတစ်ထုပ်ကိုယူလို့ ရေနွေးပူပူထည့်လို့ အော်မြည်နေတဲ့သူရဲ့ဗိုက်ကိုအရသာမရှိလှတဲ့ခေါက်ဆဲွဲ​ြပ​ုတ်နဲ့ အသာဖြည့်လို့ အချိန်ပိုင်းအလုပ်ဆီထွက်လာခဲ့တယ်..

"ေရှာင်းကျန့် ညီလေးရောက်လာပြီဆိုတော့ အကိုသွားတော့မယ်"

"ဟုတ် ရှင်းရန်ကော"

ရန်ကောက ဒီဆိုင်ပိုင်ရှင်သူထက်အသက်2နှစ်ကြီးတယ် ကောကသူအလုပ်ရှာတာမှန်းသိတော့ဒီဆိုင်မှာညဘက်အချိန်ပိုင်းခန့်ပေးထားတာ သူငြင်းတုန်းက ကောကပြောတဲ့စကားကြောင့် သူဟာအခုထိထိုလူလောင်းရိပ်ထဲကမလွတ်သေးဘူးဘဲ..
သူ အတွေးထဲနစ်နေစဉ်...

"ဒါတွေအားလုံး ဘယ်လောက်ကျလဲ"

"32 ယွမ်ပါ"

"အော် ဘယ်သူများလဲလို့ငါတို့ရဲ့ရှောင်ကျန့်ကြီးပါလား ဘာလဲဆေးအရောင်းအဝယ်ကဒီမှှာချိန်းထားလို့လား"

"ဝမ်ချောင် ပြသာနာလာမရှာနဲ့ ငါရန်မဖြစ်ချင်ဘူး"

"ဆေးသမားသားက လူစကားပြောနေပါလား ဟဲ့ကောင်တွေကြည့်ပါအုန်း"

"ဟုတ်တယ်..ဟုတ်တယ်.. ဟား..ဟား"

ရှောင်ကျန့် သူတို့ကိုသိတယ်။ဝမ်ချောင်တို့အဖွဲ့သူနဲ့ရန်ဖြစ်တာတစ်ခေါက်နှစ်ခေါက်လောက်ရှိမယ်ထင်တယ် အရေးမပါတဲ့အရာတွေမို့ သေချာမမှတ်မိဘူး..

"ဝမ်ချောင်ရယ် အဲ့ကောင်ကသွေးကြောင်တဲ့ကောင်ပါကွာ"

"အာ...ပြီး​ေတာ့ဆုံးမမဲ့လူလည်းမရှိဘူးလေ"

"ထိုက်မင်း  လျန်ရီ မင်းတို့အမှန်တွေပြောလို့ထင်တယ်ရှောင်ကျန့်အကြာင်းသိရတဲ့ငါ ရင်တောင်နာတယ် ဟား..ဟား...ဟား.."

MEMORY🖤.(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ