Uni
"အကို...အကို....ေကျာင်းဆင်းပြီးလေထတော့""ဟင့်...အင်း....အဲ"
အကိုကတအင့်အင့်တအဲအဲညည်းညူးလို့ပြန်အိပ်လေတယ်
"အကို...ထတော့နော်...အတန်းထဲမှာ ရိပေါ်တို့ပဲရှိတော့တာကျန်တဲ့လူတွေတွေကကျောင်းဆင်းသွားပြီ"
အကိုကအိပ်နေရာကခေါင်းထောင်ပြီးရိပေါ်ကိုမျက်ဝန်းညိုကြီးတွေဖြင့်စိုက်ကြည့်နေလို့ရိပေါ်ကပဲ
"အကို..သက်သာရဲ့လား"
ရိပေါ်ကပြောလည်းပြောအကိုနဖူးကိုစမ်းကြည့်လိုက်တော့အပူငွေ့နည်းနည်းရနေသေးတယ်
"အကိုအသားနည်းနည်းနွေးနေသေးတယ်။ဆေးခန်းမပြရင်တောင်ဆေးဝယ်သောက်အုန်းနော်အကို..မသောက်ပဲမနေနဲ့အုန်း"
အကိုကတွေတွေလေးငြိမ်နေဆဲမို့
"အကိုထတော့လေပြန်ရအောင်
"အင်း"
အကိုကကပ်စီးနည်းလိုက်တာ စကားတစ်ခွန်းတောင်ပိစိလေးပြောလို့ အရှေ့ကလမ်းလျှောက်နေတဲ့အကို...အကိုနောက်ကျောပြင်ကျယ်ကြီးကလက်ရာမြောက်တဲ့ပန်းချီကားချပ်တစ်ခုလို့ပဲကြည့်ကောင်းလိုက်တာ အထက်တန်းကျောင်းသားချင်းအတူတူတောင်ရိပေါ်အရပ်ကအကိုရဲ့ပုခုံးလောက်ပဲရှိတယ်..ဟွန့်!
"ဘုတ်.....အင့်"
အကိုလမ်းလျှောက်တာကို ရပ်လိုက်မှန်းမသိလိုက်တဲ့ရိပေါ်က အကိုကျောပြင်ကျယ်ကြီးကိုတိုက်မိပါလေရောအကိုကိုယ်သင်းနံမွှေးမွှေးလေးကရိပေါ်နှာခေါင်းထဲအလုအယက်ဝင်လာတယ် ။ မက်မွန်ပန်းအနံ့လိုလိုမြက်သင်းနံလိုလို အနံ့သင်းသင်းလေးကအကိုမူပိုင်ကိုယ်သင်းနံလေး..
"ကျောင်းအောက် ရောက်နေပြီအိမ်ပြန်တော့ ငါ့အနောက်ကမလိုက်နေနဲ့တော့"
အကိုပြောမှကျောင်းအောက်ရောက်မှန်းသိတော့တယ် အကိုနဲ့ဆိုအချိန်ကုန်တာအရမ်းမြန်တာပဲ
"ဟုတ်အကိုပြန်တော့မှာပါ ကျွန်တော်နာမည်ကဝမ်ရိပေါ်ပါအကိုနာမည်ကရော"
"...ရှောင်ကျန့် "
ခပ်လှမ်းလှမ်းရောက်နေပြီးဖြစ်တဲ့ကျောပြင်ကျယ်ကြီးကိုကြည့်လို့ရိပေါ်အကိုကြားအောင် လှမ်းေအာ်ပြောလိုက်တယ်
BẠN ĐANG ĐỌC
MEMORY🖤.(Completed)
FanfictionZhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ ဒီလိုအဆုံးသတ်ရမယ်ဆိုတာ ကြိုသိခဲ့ရင် ခင်ဗျားကိုမချစ်မိအောင်ကြိုးစားမိမှာ -wang yibo တောင်းပန်ပါတယ် ကိုယ့်အမှားတွေအတွက် -xiaozhan Start: Dec/ 20 /2...