Uni
ရိပေါ်မားရီနဲ့အတူအောက်ဆင်းလာလိုက်တယ်။ထမင်းစားခန်းမှာလူစုံနေပြီး.. ကြည့်ရတာပါးကရိပေါ်ကိုစောင့်ခိုင်းထားလို့ထင်တယ်။ မိသားစုဖြစ်နေပါအုန်းတော့အခုလိုစောင့်နေတာကို ရိေပါ်အားနာမိတယ်..
"ပါး"
"ဝမ်လေးရောက်လာပြီလား ထိုင်လေထမင်းစားရအောင်"
ပါးအပြောကြောင့်ရိပေါ်ပါးဘေးကခုံမှာထိုင်လိုက်တယ်။ ပါးကအလုပ်ကိစ္စတွေနဲ့ အိမ်စောစောမပြန်ဖြစ်တာကြောင့်မိသားစုထမင်းလက်စုံမစားဖြစ်တာကြာပြီးလေ..
"ရိပေါ်ဒီအိမ်မှာမင်းထက်အငယ်တစ်ယောက်မှမရှိဘူး။လူကြီးတွေစောင့်နေရတာမျိုး နောက်တစ်ခါမဖြစ်စေနဲ့ကြားလား"
မေမေလေးအပြောကြောင့်
"ဟုတ်..ကဲ့...ပါ မေမေလေးနောက်မဖြစ်စေရပါဘူး"
"တော်တော့ ထမင်းစားကြတော့"
ပါးစကားအဆုံးဘယ်သူမှ စကားမပြောကြတော့ဘဲတိတ်ဆိတ်စွာထမင်းစားကြတယ်။အမှန်တိုင်းပြောရရင်ရိပေါ်မိသားစုထမင်းလက်စုံစားရတာကိုမကြိုက်ပါဘူး။အဲ့ဒီအစားမားရီနဲ့နွေးထွေးစွာစားရတဲ့ထမင်းဝိုင်းကို အခုလိုဇွန်းခရင်းအသံတွေသာကြားရတဲ့အေးစက်စက်ထမင်းဝိုင်းထက်ပိုမက်မောတယ်။
"သမီးလီလီ ကျောင်းတက်ရတာအဆင်ပြေရဲ့လား"
"ကျောင်းကတော့အဆင်ပြေပါတယ်မာမီရဲ့ အဆင်မပြေတာကschool busဆိုတော့လူများတာရယ်..လီလီကအိမ်နဲ့ကျောင်းနဲ့ဝေးတော့ နီးတဲ့လူတွေအိမ်ကိုအရင်ပို့တော့ကားပေါ်မှာအချိန်ပိုကုန်တာပေါ့"
ရိပေါ်တို့ကချမ်းသာတဲ့မိသားစုမဟုတ်သလို ဆင်းရဲတဲ့မိသားစုလည်းထဲလည်းမပါဝင်ပါ။ပါးရဲ့လစာနဲ့ရိပေါ်တော့ အေးအေးဆေးဆေးစားနိုင်သောက်နိုင်ပါသေးတယ်။ပါးကရိပေါ်ကကျောင်းနီးတော့ စက်ဘီးတစ်စီးဝယ်ပေးထားတယ်။ကျောင်းအသွားအပြန်ဖို့ လီလီကျဲဖို့ကတော့ကျောင်းကားစီစဉ်ပေးထားတယ်..
"သမီးလီလီဖို့မာမီကားတစ်စီးစီစဉ်ပေးမယ် ဒီအပတ်ပိတ်ရက်ကြရင်ကားမောင်းသင်လိုက်"
![](https://img.wattpad.com/cover/295326075-288-k275403.jpg)
ESTÁS LEYENDO
MEMORY🖤.(Completed)
FanficZhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ ဒီလိုအဆုံးသတ်ရမယ်ဆိုတာ ကြိုသိခဲ့ရင် ခင်ဗျားကိုမချစ်မိအောင်ကြိုးစားမိမှာ -wang yibo တောင်းပန်ပါတယ် ကိုယ့်အမှားတွေအတွက် -xiaozhan Start: Dec/ 20 /2...