အပိုင်း(13)ခွံကြွေးမယ်

1.1K 82 0
                                    

Uni

ဒီနေ့ကခရီးထွက်ရမယ့်နေ့မို့ ရိပေါ်မနက်စောစောထကာ  ပစ္စည်းတွေကိုနောက်ထပ်သေသေချာချာစစ်ဆေးပြီး မားရီပြင်ဆင်ပေးထားတဲ့အဆာပြေအစားအစာများကိုယူလို့ ကျောင်းတော်စီသို့တက်ကြွစွာလှမ်းခဲ့တယ်....

ရိပေါ်ရောက်တော့ကျောင်းသားတော်တော်များများရောက်နေကြပြီအချိန်သည်ကာ6:30 am... တချို့တွေကသူတို့သူငယ်ချင်း​ေတ​ွန့ဲ အတူဝိုင်းဖွဲ့ပြီးစကားပြောနေကြတယ်။ရိပေါ်မျာအဖော်မရှိတာကြောင့် တစ်ယောက်ထဲကြောင်တောင်လေးရပ်နေတယ်။ရိပေါ်အခုချိန်အကို့ကိုဘေးမှာရှိစေချင်တယ်။​အကိုကလည်းနောက်ကျလိုက်တာနော်..

"ရိပေါ်လေးတစ်ယောက်ထဲလား"

"ဟုတ်ကျဲမျစ်မျစ် ရှောင်ကျန့်ကောကမလာသေးလို့"

"အဖော်မရှိတော့တစ်ယောက်ထဲပျင်းနေမှာပေါ့ ရှောင်ကျန့် မလာခင်ကျဲတို့နဲ့ဝင်joinလိုက်ပါလား"

ရိပေါ်လည်းတစ်ယောက်ထဲ ယောင်တောင်တောင်ဖြစ်မှာစိုး၍ ကျဲမျစ်မျစ်နဲ့အတူလိုက်သွားလိုက်တယ်

"မျစ်မ​ျစ်နင့်ကို ​သန့်စင်ခန်းထဲမေ့လဲနေပြီထင်နေတာ... အယ်ရိပေါ်လေးပါလာတာလား ဒီလိုဆိုတော့ငါ့သူငယ်ချင်းကအလိုက်သိလိုက်သားပဲ...ဟဲ..ဟဲ"

"အပိုတွေမပြောစမ်းနဲ့"

"ရိပေါ်သူတို့ကကျဲတို့အတန်းထဲလူတွေချည်းပဲ ရိပေါ်ကနာမည်နဲ့လူတွဲမိမှာမဟုတ်ဘူးကျဲမိတ်ဆက်ပေးမယ်"

"ဟုတ်ကျဲမျစ်မျစ်"

"မျစ်မျစ်သူတို့ဘာသာမိတ်ဆက်ပါစေ ပိုရင်းနှီးေအာင်လို့"

"နိဟောင် ငါကဖန်ရှင်းပါ သူတို့ကငါ့သူငယ်ချင်းကျင်းလင် နဲ့ကျင်းရီ "

"နိဟောင် ငါကဝမ်ရိပေါ် ငါ့ကိုသူငယ်ချင်းတစ်ယောက်လိုခင်မင်စနောက်လို့ရပါတယ်"

"ကလေးတွေလူစုကြ ဆရာတို့စထွက်ကြတော့မယ်"

မဖြစ်ဘူး အကိုမရောက်သေးဘူး7နာရီထိုးတော့မယ်

"ဆရာနာမည်ခေါ်တဲ့လူတွေအရင်ကားပေါ်တက်ကြ"

ရှေ့ကတဖြေးဖြေးနည်းသွားတဲ့ လူတွေကိုကြည့်ရင်း ရိပေါ်ပိုဝမ်းနည်းလာတယ် အကိုကမလာတော့ထင်တယ်

MEMORY🖤.(Completed)Where stories live. Discover now