Uni
"ကျန့်"
"ဘာလိုလို့လဲ မ"
"ကျန့်ဒယ်ဒီက မ တို့နှစ်ယောက်ကို သဘောတူပါ့မလား"
"ဒယ်ဒီ က သဘောတူလောက်မှာပါ မ ကပြီးပြည့်စုံတဲ့လူပဲလေ"
"ဟို...ကျဲ..တို့ဆက်ပြီးလျှောက်လည်ကြလေ ဝမ်လေးက...အိမ်ပဲပြန်တော့မယ်"
ရိပေါ်က တတိယလူမဖြစ်ချင်ဘူး နောက်ပြီး ဗီလန်တစ်ယောက်လဲမဖြစ်ချင်ဘူး
"ရိပေါ်ပြန်ရင် အန်ကယ်ကတစ်မျိုးထင်နေအုန်းမယ်"
"ဝမ်ရိပေါ် မပြန်သေးနဲ့အုန်းလေ"
"ဟို..ဝမ်လေးချိန်းထားတာလည်းရှိလို့ပါကျဲ"
"ဘယ်သူလဲ"
အသံတင်းတင်းရင်းရင်း ပြောလာတဲ့အကို ရိပေါ်တို့ကအရင်လိုသက်ဆိုင်သူတွေမှမဟုတ်ကြတော့တာ
"ကျဲဝမ်ချင်တို့နဲ့ပါ ရှောင်ကျန့်ကော"
"မသွားရဘူး ဒီမှာစားပြီးရင်အိမ်ပြန်မှာ ကိုယ်အန်ကယ်ဝမ်ကို မျက်နှာမပျက်ချင်ဘူး"
သူ့ရဲ့အမိန့်တွေကို ကျွန်တော်နားခံမိနေတုန်းတယ်..
"ဟုတ်"
-------------------"ရိပေါ်လေး"
"ဉီးလေးလိန် ဝမ်လေးကိုဘာပြောစရာရှိလို့လဲ"
"သခင်မကြီးကခေါ်ခိုင်းလိုက်တယ်"
"အာ..ဟုတ်ကဲ့ ဝမ်လေးအခုပဲသွားလိုက်ပါ့မယ်"
------------
"မေမေလေး ဝမ်လေးကိုခေါ်တယ်ဆိုလို့""ဖြောင်း"
"မေ..မေ.လေး..ဖြောင်း"
"ကျွေးရကျိုးမနပ်တဲ့အကောင်"
"ဝမ်လေး...ဘာ..လုပ်...မိ...ဖြောင်း"
မေမေရဲ့အားပြင်းတဲ့ပါးရိုက်မှုကြောင့် ရိပေါ်ပါးစပ်ဖျင်းဖျင်းနဲ့ ယောင်ကိုင်းလာတယ်။
"နင် သူများအိမ်မှာ ကပ်ခိုရတဲ့အကောင်စားက ငါ့သမီးရဲ့ခင်ပွန်းကို လိုက်လုချင်နေတယ်ပေါ့ ကျွေးကျေးဇူးမှမထောက်"
"မလုပ်ရပါဘူး သားကျဲဆီက အကို့ကိုလုမယူရပါဘူး"
"နင်မြူဆွယ်နေတာလေ သားကျန့်ကနင်လိုကောင်မျိုးကို စိတ်ရှိစရာလား။အစစအရာရာပြီးပြည့်စုံတဲ့ လီလီကိုပဲရွေးချယ်မှာ အခြောက်ကောင်ရဲ့"
![](https://img.wattpad.com/cover/295326075-288-k275403.jpg)
YOU ARE READING
MEMORY🖤.(Completed)
FanfictionZhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ ဒီလိုအဆုံးသတ်ရမယ်ဆိုတာ ကြိုသိခဲ့ရင် ခင်ဗျားကိုမချစ်မိအောင်ကြိုးစားမိမှာ -wang yibo တောင်းပန်ပါတယ် ကိုယ့်အမှားတွေအတွက် -xiaozhan Start: Dec/ 20 /2...