အပိုင်း(29)ပြီးဆုံးသွားခဲ့​ေသာအချစ်ခရီးလမ်း

1.2K 67 0
                                    

Uni

"အင်း... အင့်"

"အားဝမ် ကလေး နိုးပြီလား"

"မား~~~ရီ"

"အဖြစ်ဆိုးလိုက်တာ အားဝမ်ရယ်.. အင့်"

အခုသူရဲ့ခေါင်းဟာ အရမ်းကိုက်ခဲနေတယ်။သူ့မှတ်ဉာဏ်ထဲအလုံးအရင်းဝင်လာတာက အကို့ကပါးကိုသတ်လိုက်တယ်တဲ့ သူ့အိမ်မက်ကရယ်စရာကောင်းလိုက်တာ ကယောင်ခြောက်ခြားအိမ်မက်ပဲ..

"မားရီ..ပါးရော"

"အင့်..ဟင့်...အီး..အား...ဝမ်...ရယ်"

"မားရီ ဘာလို့ငိုနေတာလဲ မငိုပါနဲ့"

"အားဝမ် မင်းရဲ့ပါးပါးဆုံးပြီလေ"

"ပါးက မနေ့ကတောင်သားနဲ့စကားပြောသေးတယ်လေ မနောက်ပါနဲ့ ရယ်စရာမကောင်းဘူး"

"မားရဲ့ ကလေးရယ်.. အင့်"

ဒါဆို သူ့အိမ်မက်ကတကယ်လား မဟုတ်ပါစေနဲ့ အကိုမဖြစ်ပါစေနဲ့

"မား...ရီ...ပါး...က...ဘယ်..လို..ဆုံး...တာ...လဲ"

" လီလီကောင်လေးနဲ့တွေ့ပြီး အိမ်အပြန်မှာcar accidentဖြစ်တာ"

မဟုတ်ဘူး အကို့ကပါးပါးကိုသတ်လိုက်တာ သူ့မျက်စိရှေ့တင်ပဲလေ

"ပါးaccident ဖြစ်တယ်လို့ ဘယ်သူပြောတာလဲ"

"အားဝမ်ရဲ့ မေမေလေးနဲ့ကျဲပြောတာ"

"ဘယ်မှာလဲ သူတို့"

"လီလီ အခန်းထဲမှာလေ... အားဝမ် ဘယ်သွားမလို့တုန်း"

____________________

"ကျဲ"

"ဝမ်ရိပေါ်"

မေမေလေး ခေါ်သံကသူသိချင်တာတွေကိုမရပ်တန့်နိုင်ခဲ့ဘူး

"ပါး accidentဖြစ်တုန်းက ကျဲတို့ဘယ်ရောက်နေလဲ"

". ...."

"ကျဲ ပါးက accidentနဲ့ဆုံးတာ မဟုတ်ဘူး"

"ရိပေါ် မင်းမြင်ခဲ့သမျှကို ကျေးဇူးပြုပြီး မှတ်ဉာဏ်ထဲကထုတ်ပေးပါ"

"ကျဲ ရှုးနေလား ပါးကိုသတ်တာ ရှောင််ကျန့်လေ!!!ရှောင်ကျန့်က လူသတ်သမား!!!"

"ငါခွင့်လွှတ်တယ် ငါသူ့ကိုလက်မလွှတ်နိုင်ဘူး သေတဲ့လူအသက်ကလဲ ပြန်ရှင်မလာနိုင်ဘူး"

MEMORY🖤.(Completed)Où les histoires vivent. Découvrez maintenant