အပိုင်း(6)CLASS-D

1.4K 104 2
                                    

Uni

နောက်ဆုံးတော့ အကိုကရိပေါ်ပေးတဲ့မုန့်တွေရောဆေးပါသောက်တယ်။အကိုလိုခပ်ချောချောသူငယ်ချင်းရလို့..ရိ​ေပါ်လေးသိပ်သိပ်ပျော်..ဟီး..အကိုကအရမ်းချောတာ..

ကလောင်!!..ကလောင်!!
ကျောင်းတက်ခေါင်းလောင်းတောင်ထိုးနေပြီ

"အကိုဆေးသောက်ထားတော့ ဆေးအရှိန်ကြောင့် အိပ်ချင်ရင်အိပ်လိုက်ပါလား ခေါင်းကိုဘေးစောင်းအိပ်နော်။မားရီကပြောဖူးတယ်ခေါင်းမောက်အိပ်တာခေါင်းထဲသွေးရောက်တတ်တယ်တဲ့ အကိုက နေမကောင်းတော့ ခေါင်းပိုကိုက်မှာစိုးလို့နော်"

ကောင်ငယ်လေးပြောတာကို သူဘာကြောင့်မှန်းမသိနာခံမိတယ်။ရှောင်ကျန့်သူ့ရဲ့ခေါင်းကိုပြတင်းပေါက်ဖက်လှည့်ပြီးအိပ်နေလိုက်တယ်။ လေနုနုကဖြေးညှင်းစွာ သူ့ပါးပြင်ကိုဖြတ်သန်းသွားသောကြောင့် ကိုယ်ထဲကအပူချိန်လျော့သွားသလိုခေါင်းလည်းနည်းနည်းကြည်သွားသလိုခံစားမိတယ်။

"အကိုမသက်သာရင်ပြောနော် အသစ်ဝင်လာမယ့်ဆရာကိုပြောပြီးကျောင်းဆေးခန်းသွားရမယ်နော်..အကို...အဲ...အိပ်သွားပြီလား "

ရိပေါ်ကတော့စကားတွေပြောလို့ အကိုကအိပ်ပျော်နေပြီ။အကိုနေကောင်းလာတဲ့ အခါကျရင်ရိပေါ်တို့စကားတွေအများကြီး ပြောရအုန်းမယ်။အခုရိပေါ်က ပိစိကလေးစိတ်ဆိုးချင်ပါတယ်။ဘာလို့လဲဆိုတော့အကိုအသံကိုမကြားရလို့...အကိုကသူ့ကိုစကားတစ်ခွန်းမှမပြောခဲ့လို့...

အချိန်အတော်ကြာတဲ့အထိဘယ်ဆရာမှရောက်မလာလို့ ရိပေါ်အခန်းကိုဝေ့ဝိုက်ကြည့်မိတော့ ဘယ်ဘက်အစွန်းကအကိုကြီးတွေကမောင်းလှဲနေကြတယ်။ရိပေါ်အရှေ့ကအကိုကြီးတွေကတစ်ယောက်မှမရှိတော့ဘူး။အလယ်ကအမတွေကရိပေါ်ကိုကြည့်နေကြတယ်။သူတို့ထဲကတစ်ယောက်ကရိပေါ်စီလာပြီးတော့....

"ကျဲနာမည်ကရိအော်ပါဟိုဘက်ကကျဲသူငယ်ချင်းဝမ်ချင် ဒီတစ်ယောက်ကမျစ်မျစ်တဲ့ "

"ဟုတ်ဟုတ်.. တွေ့ရတာဝမ်းသာပါတယ်"

"ကျဲရဲ့နတ်သားလေးက လူကလည်းချစ်ဖို့ကောင်း အသံလေးကလည်းချိုမြိန်နေရော"

MEMORY🖤.(Completed)Onde histórias criam vida. Descubra agora