အပိုင်း(27)နာကျင်ရတယ်

1.1K 63 0
                                    

Uni

"ကျန့်"

"ဗျာ့"

"နက်ဖြန် မ တို့လျှောက်လည်ကျရအောင်"

"မောင် စာမေးပွဲရှိတယ်လေ..မရဲ့"

"မသိဘူးကွာ မောင်က မ ကိုအလိုမလိုက်ချင်ဘူးလား"

"ရွှေစိတ်တော်မညိုးလိုက်ပါနဲ့ မ ရယ် အတူလျှောက်လည်ပါ့မယ်"

"တကယ်လား"

"ဟုတ်ပါတယ်ဗျာ"

"အာ့ဆို နက်ဖြန်စောစောလာခေါ်နော် ကျန့်"
______________

"Dee"

"ဘာအလိုရှိလို့လဲ Sean"

"လီလီကို ဘယ်လိုမြင်လဲ"

"ကျွန်တော်မပြောတတ်ဘူး sean"

"Annyမင်းကရော"

"အမ ကောင်းမပီသဘူး"

"အဲ့လိုထင်လား"

"Sean မင်းအခုလိုလုပ်ရတဲ့အကြောင်းရင်းကိုငါ နားလည်တယ် ဒါကရိပေါ်ကိုပိုစိတ်ထိခိုက်စေတယ်ဆိုတာ မင်းမသိဘူးလား"

"Annyငါ ဝမ်ရဲ့ပါးကိုသတ်ပြီးရင် Godကဝမ့်ကိုအသက်ရှင်ခွင့်ပေးမယ်လို့ မင်းထင်လား ငါအခုလိုလုပ်နေတာ ဝမ့်ကိုကာကွယ်ပေးနေတာ"

"Sean မင်းကတော့ကွာ ကျစ်"

seanနဲ့ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကြားAnnyအားမလိုအားမရ ဖြစ်မိတယ်

Seanနဲ့သူနဲ့က ငယ်စဉ်ထဲကတွဲဖက်တွေ လျှို့ဝှက်လှုပ်ရှားမှုတွေတိုင်းမှာသူနဲ့seanက အမြဲပူးတွဲလုပ်ဆောင်ရတယ်။Seanကသူ့အတွက်သူငယ်ချင်းညီကိုရင်း တစ်ယောက်လိုပဲ အခုနောက်ပိုင်းDeeကပါသူတို့ရဲ့တွဲဖက်ဖြစ်လာတယ် ..

seanပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော မရှိတာအတော်ခဲ့ပြီ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးရောက်လာထဲက အေးစက်စက်seanကနေ နွေးထွေးတဲ့seanအဖြစ်ပြောင်းလဲလာတာ သူအမြင်ပဲလေ။ အဲ့နွေးထွေးမှုကလဲ ထိုကောင်ငယ်လေးတစ်ယောက်ထဲ အတွက်ပဲဆိုတာလဲ သူသိနေတယ်။

အခုလိုရှောင်လွဲလို့မရတဲ့ အကြောင်းရင်းတွေကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်တွေဟာ မပြောင်းလဲဘဲတည်ရှိနေဖို့သူဆုတောင်းပေးရုံပဲတတ်နိုင်တယ်။

MEMORY🖤.(Completed)Onde histórias criam vida. Descubra agora