အပိုင်း(5)ကောင်ငယ်လေး

1.5K 112 3
                                    

Uni

နေ့လည်စာ စားချိန်ရောက်တော့ကျန်တဲ့လူတွေက ကန်တင်းသွားကြတာထင်တယ်အတန်းထဲမှာရိပေါ်နဲ့ရိပေါ်အနောက်ခုံကအကိုသာရှိတော့တယ်။

ရိပေါ်အဲ့အကိုကိုကြည့်လိုက်တော့ ခေါင်းမောက်အိပ်နေတုန်းပဲရိပေါ်အခုစဉ်စားမိတာကအရင်ဆုံးရိပေါ် ဒီအကိုနဲ့သူငယ်ချင်းဖြစ်အောင်အရင်လုပ်ရမယ်ပြီးမှနောက်ထပ်သူငယ်ချင်းအသစ်တွေရှာမယ်လို့ပေါ့

"ဟို...အကို..အကို..အကိုရေ"

ရိပေါ်တိုးညှင်းစွာခေါ်လိုက်တယ်..အကိုကပြန်လည်းမထူးဘူး

"အကို.....ဟင်...အသားတွေပူကျစ်နေတာပဲ........ဖျားနေတာလား...အကို...အကိုရေ"

အကိုကမထူးတော့ရိပေါ်အကိုလက်ကိုသွားထိမိတော့ ပူကျစ်နေတာပဲကြည့်ရတာနေမကောင်းလို့အိပ်နေတာဖြစ်မယ်။ရိပေါ်အကြိမ်များစွာခေါ်လိုက်လို့ထင်တယ်အကိုကအိပ်​နေရာမှထလာတယ်..

အကိုကမျက်နှာကြီးကနီရဲနေပြီးခေါင်းမောက်အိပ်ရာကထလာတော့ဆံပင်အနက်ဖျော့ဖျော့လေးတွေကထိုးထိုးထောင်ထောင် နှုတ်ခမ်းတွေကလည်းခြောက်သွေ့ဖြူဖျော့နေတယ်..

"အကို...အကို...နေမကောင်းဘူးလားဟင်..ကျောင်းဆေးခန်းသွားမလား...လမ်း​ေလျှာက်နုိင်ရဲ့လားအကို..ရိပေါ်ကူ​​ပြီးလိုက်ပို့ပေးရမလားဟင်"

ရှောင်ကျန့် တစ်ယောက်ခေါင်းကိုက်လို့မထနိုင်စဥ်ဘေးနားကခေါ်သံတိုးတိုးလေးကြားလိုက်..အကိုတဲ့..သူ့ကိုဒီအတန်းမှာဘယ်သူကအဲ့လိုခေါ်မှာလဲ ကြည့်ရတာသူနေမကောင်းလို့ ထင်ယောင်ထင်မှားကြားမိတာထင်တယ်။ ထိုစဉ်သူ့လက်ကိုလာထိတဲ့နွေးအိအိလက်ကလေး ပြီးတော့ဖျားနေတာလားလို့မေးတဲ့ ဩရှရှအသံလေးကြောင့်ကြိုးစားထကြည့်မိလိုက်တော့..

အညိုနုရောင်အလယ်ခွဲမှိုလုံးဆံပင်လေး လက်ဖဝါးနုနု အသားကဖြူအုနေတော့စိမ်းမြမြသွေးကြောလေးတွေကလက်မှာထင်းလို့ ပါးပြင်နုနုကလည်းကျောက်နီရောင်သွေးကြောမျှင်လေးတွေပေါ်လို့  သွယ်တန်းနေတဲ့နှာခေါင်းလုံးလုံးလေး နှင်းဆီဖူးရောင်နှုတ်ခမ်းပါးထူထူ​လေးက စူထော်ထော်ထွက်လို့သူအားစကားလာပြောသူလေး.......

MEMORY🖤.(Completed)Место, где живут истории. Откройте их для себя