အပိုင်း(14)Story Of Lyla

1K 78 0
                                    

Uni

"အကိုရောက်ပြီလား"

"မရောက်သေးဘူး"

"အကြာကြီးပဲ အကိုကျွန်တော်တို့သွားမဲ့နေရာအကြောင်းသိလား"

"အင်း"

"အဲ့တာဆိုပြောပြပါလား ကျွန်တော်ပျင်းလို့ ပြောပြနော်"

"အင်း နောက်မှပြောပြမယ်"

"ရဘူး ခုသိချင်တာ...ခုလို့ဆို..ဟွန့်"

"ပြောပြမယ် စိတ်မဆိုးနဲ့တော့"

"အရှေ့ပင်လယ်ရဲ့ Lyla beachက ချုံချင်း ကျန့်ဟယ်ဒေသ မှာအထူးခြားဆုံးပဲ.."

"ဘာလို့ ထူးခြားတာလဲ"

ရိပေါ်သိချင်စိတ်လွန်ကဲပြီး အကိုပြောတာကိုစကားဖြတ်ပြောလိုက်တာ အကိုစိတ်ဆိုးသွားလားမသိဘူး။

"တရုတ် ချင်မင်းဆက်ခေတ်က အိမ်ရှေ့မင်းသားမှာချစ်ရတဲ့ချစ်သူကောင်လေးရှိခဲ့တယ်။ဒါပေမဲ့ရှင်ဘုရင်ဟာ ဝတ်ရုံလက်ပြတ်သားတော်ကိုအလိုမရှိခဲ့ဘူး။အဲ့ဒါကြောင့်ရှင်ဘုရင်ဟာ အိမ်ရှေ့မင်းသားကို ထန်ပြည်ထောင်ကမင်းသမီးနဲ့လက်ဆက်စေချင်ခဲ့တယ်။ မင်းသားကငြင်းဆန်တော့ ရှင်ဘုရင်ဟာကတိတစ်ခုပေးခဲ့တယ်။ အဲ့ကတိကြောင့်မင်းသားကထန်မင်းသမီးကိုလက်ဆက်ခဲ့တယ်။ လက်ဆက်ပွဲနေ့မှာတင်မင်းသားရဲ့ချစ်ဉီးသူဟာ ဤLylaမှာပဲ နစ်မြုပ်ခံလိုက်ရတယ်"

"ဘာကတိလဲ သူ့ချစ်သူကောင်လေးသေဆုံးတာမင်းသားကမသိဘူးလား"

"နောက်ရက်မှဆက်ပြောပြမယ်"

"အာ..အကိုအကျင့်ပုတ်...ကျွန်တော်သိချင်ပါတယ်ဆို...ဆက်ပြောပြအုန်း"

"မပြောဘူး"

"ကလေးတွေရေ ခဏနေရင်ရောက်တော့မယ်နော် ဆရာတို့နောက်ကပဲလိုက်နော်လူစုကွဲမှာစိုးလို့ စကားနားထောင်ကြ"

"အကို ဟို...လေ လေ့လာရေးထွက်ရင်အိပ်စရာအဆောင်တွေကဆရာတွေစီစဉ်ပေးတာလား"

"အင်း..ဘာလို့လဲ"

"အကို ကျွန်တော်က..သရဲကြောက်လို့"

"ဟား..ဟား..မင်းကတကယ်ကလေးလေးပဲ"

အကိုကရယ်မောရင်းရိပေါ်ခေါင်းကိုပုတ်လိုက်တယ် အကိုအပြုံးကသိပ်လှတယ်

MEMORY🖤.(Completed)Donde viven las historias. Descúbrelo ahora