အပိုင်း(18)အတူစတင်ခဲ့တဲ့အချစ်ခရီးလမ်း

1K 71 0
                                    

Uni

"အင့်..ဟင်း"

အရင်မနက်ခင်းတွေထက် ဒီနေ့ရဲ့မနက်ခင်းကပိုလှနေတယ်...ဘာလို့လဲဆိုတော့အကိုနဲ့ အတူနိုးထလာရတဲ့ နံနက်ခင်းမို့လို့ပဲ။ အိပ်​ေပျာ်နေတဲ့အကိုရဲ့မျက်နှာကို ဖြေးဖြေးထိ​​ြကည့်မိတယ် မျက်ခွံဖောင်းဖောင်းလေးကရိပေါ် အကြိုက်ဆုံးအကိုရဲ့ မျက်ဝန်းညိုတွေကိုဖုံးအုပ်ထားတယ် နှာတံသွယ်သွယ်လေးက ချုံချင်းတောင်တန်းတွေလိုပဲသွယ်တန်းနေတယ်။ရိပေါ်နှလုံးသားကို အပိုင်ယူသွားခဲ့တဲ့ အပြုံးလေးတွေက ခုတော့တင်းတင်းပိတ်ထားတဲ့နှုတ်ခမ်းတွေကိုပဲမြင်​ေတွ့ခွင့်ရတယ်။ ရိပေါ်အကြိုက် ယုန်သွားလေးတွေကိုလည်း မမြင်ရ​ေသးဘူး ။ရိပေါ်ကိုပြုစားခဲ့တဲ့ မှဲ့နက်လေးကိုထိကပ်ကြည့်မိတော့.......

"အ..ကို"

"အဆိုးလေး ဘယ်အချိန်ထိလိုက်ကိုင်ကြည့်အုန်းမှာလဲ"

"မဟုတ်ပါဘူး အမှုံ..ဟုတ်တယ် အမှုံကပ်နေလို့ဖယ်ပေးတာ"

"လိမ်နေတယ်ပေါ့ဝမ်"

"ဟုတ်ဘူး ဖယ်အိပ်ရာထတော့မယ်"

"ဟင့်အင်း ဖက်ထားချင်သေးတယ်..နွေးတယ်..ဝမ်ကိုယ်လုံးသေးသေးလေးက"

ညကအနမ်းတွေက အသက်ရှူရပ်နိုင်လောက်တဲ့ အထိပြင်းထန်ခဲ့တယ်။ဘယ်အချိန်မှရပ်နားမိမှန်းမသိအောင်ကို အရှုးအမူးနမ်းရှိုက်ခဲ့ကြတာ အကိုကရိပေါ်ကိုယ်​​ေလးကို ဖက်ပြီးအကိုရင်ခွင်ထဲမှာအိပ်​​စက်​ေစတယ်။အကို့ရဲ့နှလုံးခုန်တွေက ရိပေါ်အတွက် အိပ်ဆေးတွေလိုပဲ အကိုကအိမ်မက်ထဲထိ ရိပေါ်ကိုအလွတ်မပေးခဲ့ဘူး။ပြုစားနိုင်လွန်းတယ်..အပိုင်သိမ်းနိုင်လွန်းတယ်..ကျွန်တော်ရဲ့နတ်ဘုရားလေးက

"ဝမ်"

"ဗျာ"

"ကိုယ့်ကို ချစ်တယ်ဆိုတာတကယ်လား သနားလို့ပြောတာ...."

ရိပေါ်အကိုနှုတ်ခမ်းက ဆက်ပြောမဲ့စကားတွေကို လက်နဲ့အုပ်ပြီးမပြောခိုင်းဘူး။ဘာလို့ဆို အကိုပြောမဲ့စကားကိုကြိုသိနေလို့

"ရှုး ကျွန်တော်ပြောတဲ့ချစ်တယ်ဆိုတဲ့သဘောကို နားမလည်ဘူးလား ။အကို့မိသားစုအကြောင်းမသိရခင်ထဲက အကို့နဲ့တွေ့တာရက်ပိုင်းပဲရှိပေမဲ့အကို့ကို ချစ်တယ်ဆိုတာသေချာတယ်။ သနားလို့လဲမဟုတ်ဘူး.. စိတ်ကစားတာ..အပျော်အနေနဲ့လည်းမဟုတ်ဘူး ..ဘဝတစ်လျှောက်လုံးအတွက်"

MEMORY🖤.(Completed)Waar verhalen tot leven komen. Ontdek het nu