အပိုင်း(23)Dark side

1K 62 2
                                    

Uni

ရှောင်ကျန့်ရဲ့ငယ်ဘဝဟာသူများ ကလေးတွေငယ်ဘဝနဲ့လွန်စွာကဲွဲပြားခြားနားတယ်။ သူရရှိခဲ့ဖူးတဲ့အစစ်မှန်ဆုံးအရာကမားကသူ့အပေါ်ထားတဲ့အချစ်ပဲရှိတာ

ရှောင်ကျန့် ဒယ်ဒီကDragonဂိုဏ်းရဲ့ခေါင်းဆောင်ရှောင်းချင်းမင်း အမှောင်လောကမှာဆိုGodလို့အမည်တွင်တဲ့လူ ရက်စက်တယ် သွေးအေးတယ် လက်မရွံဘူး သူနဲ့ပြသာနာဖြစ်တဲ့လူတိုင်းကငရဲကိုလားရမဲ့လူတွေကြီးပဲ ဒီစည်းမျည်းမှာသူ့သွေသားရင်းရှောင်ကျန့်ဖို့လည်းပါဝင်ခဲ့တယ်

ရှောင်ကျန့် သိတတ်စအရွယ်မှာ သူ့ဒယ်ဒီလူသတ်တာကိုတွေ့မြင်ခဲ့ရတယ် အသက်8နှစ်သာရှိတဲ့သူရဲ့ကြောက်ရွံမှုကို ဒယ်ဒီကတွေ့မြင်ပြီး အပြစ်ပေးခဲ့တယ် Godရဲ့သားဟာပျော့ညံသူတစ်ယောက်မဖြစ်သင့်ဘူးတဲ့ သားရေခါးပတ်နဲ့အချက်30တိတိရိုက်ခံခဲ့ရတယ်

သူကျောပြင်တစ်ပြင်လုံးမှာဒဏ်ရာတွေအပြည့်ပဲ မားဟာသူ့အတွက်ငိုကြွေးခဲ့တယ် အမှောင်ခန်းထဲပိတ်ထားခံရတယ် အမှောင်ခန်းဆိုတာကDragonဂိုဏ်းရဲ့ အပြစ်ပေးခန်း နှိပ်စက်သံတွေ အော်ဟစ် ညည်းညူးသံတွေ အသက်ရှင်ရတာခက်ခဲလို့အသေသတ်ပေးဖို့တောင်းဆိုသံတွေ သွေးပင်လယ်ဝေနေတဲ့အခန်းထဲသူပိတ်ထားခံရတယ် သေခြင်းတရားကိုတောင်Godစီမံပေးမှဒီငရဲခံကလွတ်မြောက်ခွင့်ရမှာ

အဲ့နောက်ပိုင်း ဒယ်ဒီကသူ့ကိုပြင်းထန်တဲ့လေ့ကျင့်မှုတွေလေ့ကျင့်ခိုင်းတယ် အတိုက်အခိုက် အသတ်အ​ြဖ​တ် အမှောင်လောကရဲ့အကြောင်းအစုံစုံကို သူ့လိုကလေးငယ်ရဲ့ခေါင်းထဲရိုက်သွင်းခဲ့တယ် မားကပါးကိုတားမြစ်ခဲ့တယ် နောက်ဆုံးပါးကမားကိုအသေသတ်ဖို့အထိလုပ်ခဲ့တာ အဲ့နေ့ကသူသာမရောက်လာခဲ့ရင် မားကသူ့ဘေးကထာဝရာပျောက်ကွယ်သွားမှာ သူ့အသက်10နှစ်မှာမားကပါးရဲ့ရိုက်နှိပ်မှုကြောင့် ကိုမာဝင်သွားခဲ့တယ်

သူ့အသက်13နှစ်မှာ လူစတင်သတ်ခဲ့ရတယ် အဲ့ဒီလူဟာဂိုဏ်းရဲ့အတွင်းသတင်းတွေကိုသူလျှိုလာလုပ်တဲ့ရဲတစ်ယောက် အဲ့လူကိုရှင်လျက်နဲ့ သေအောင်ရှောင်ကျန့်လုပ်ခဲ့ရတာ သူမသတ်လို့မရဘူးမားရဲ့အသက်ကိုချိန်းခြောက်ထားတဲ့သူ့ဒယ်ဒီကြောင့် သူ့အားနည်းချက်ကိုသူ့ဒယ်ဒီကသိနေတယ်

MEMORY🖤.(Completed)حيث تعيش القصص. اكتشف الآن