Uni
"အကိုရေ မြန်မြန်လုပ်လေဗျာ ဒီနေ့တော့ဆော့ရမှဖြစ်မယ် မနက်ဖြန်ပြန်ရမဲ့ဟာကို အချိန်ဆွဲနေတယ်"
"ဝမ်ကလည်းနေပူသေးတယ်လေ"
"အကို လူညာကြီး.. မနက်ကကျတော့ ရေဆော့ရင်အေးလို့ဆို ခုကျတော့နေပူတယ်ဖြစ်ရော ညနေကျတမျိုးဖြစ်အုန်းမယ်"
ရိပေါ်တို့ခရီးက ပထမက3ညအိပ်4ရက်ခရီး အခုတော့2ညအိပ်3ရက်ဖြစ်တော့မယ် ဘာလို့လဲဆိုတော့ Lylaပင်လယ်ကရေကြီးမှုထဲပါမယ်လို့ခန့်မှန်းကြေညာချက်တွေကြောင့် အကိုနဲ့အတူသွားရမဲ့ခရီးကိုရက်ကြာကြာမနေရလို့စိတ်ကတိုနေပါတယ်ဆို အကိုကပါရစ်နေတယ်
"ဝမ်က မင်း လှိုင်းစီးတာကိုဘယ်သူ့ကိုပြချင်နေတာလဲ လူရှင်းမှသွားပါမယ်ဆို စကားနားမထောင်ဘူး"
"အကိုကလည်း အကိုကနာရီအနည်းငယ်လောက်ပဲဆော့ခိုင်းတာလေမနေ့ကတစ်နေ့လုံးကို အကို့ကိုအချိန်ပေးပြီးပြီးလေး အခုဝမ်လေးလှိုင်းစီးချင်တာကိုခွင့်ပြုပေးလေးနော်"
"ညနေစောင်းခါနီးမှ ဆော့ရမယ် ကတိပေးတယ်"
"အဲ့တာဆိုလည်း ကတိနော်"
ပျင်းလိုက်တာ ဘာလုပ်ရမလဲ အကိုကလည်းစာအုပ်ပဲဖတ်နေတယ်..."ဒေါက်...ဒေါက်..."ရိပေါ်တို့အခန်းတံခါးခေါက်သံကြားလို့သွားဖွင့်ပေးလိုက်တော့
"အဲ ကျဲတို့ပါလား ဘာလာလုပ်တာလဲ"
"ရိပေါ်တို့ ထွက်မလာလို့နေမကောင်းဘူးလာလို့ လာကြည့်တာ"
"ဟုတ်တယ်...ဟုတ်တယ်"
ကျဲတို့နောက်က ဖန်ရီလင်းတို့ကပါထောက်ခံတယ်။ ရိပေါ်ကျဲဝမ်ချင်ပြောလို့သိတာ ဖန်ရှင်း ကျင်းရီ ကျင်းလင် တို့ကိုAAA or ဖန်ရီလင်းလို့လည်းခေါ်တယ်။ဖန်ရီလင်းလို့တော့ သူတို့ရှေ့မခေါ်ကြဘူး ဘာလို့ဆိုဖန်ရီလင်းဆိုတာ ချိုလိမ်လို့meanရလို့..
"ရိပေါ် တို့ကညနေမှဆော့မလို့ကျဲတို့ရဲ့ မနက်ကအိပ်ရာထနောက်ကျလို့"
"အဲ့တာဆို အခန်းထဲဝင်ခိုင်းပါလား အခန်းရှေ့မှာလူအုံလိုက်ကြီးဆိုတော့ ဆရာတွေ့ရင်အဆူခံရအုံးမယ်"
![](https://img.wattpad.com/cover/295326075-288-k275403.jpg)
DU LIEST GERADE
MEMORY🖤.(Completed)
FanfictionZhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ ဒီလိုအဆုံးသတ်ရမယ်ဆိုတာ ကြိုသိခဲ့ရင် ခင်ဗျားကိုမချစ်မိအောင်ကြိုးစားမိမှာ -wang yibo တောင်းပန်ပါတယ် ကိုယ့်အမှားတွေအတွက် -xiaozhan Start: Dec/ 20 /2...