အပိုင်း(25)ပြောင်းလဲနိုင်သောချစ်ခြင်းတရား

921 61 1
                                    

Uni

အကိုနဲ့အတူဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာရိပေါ်ဘဝမှာအပျော်ရွှင်ဆုံးနေ့ရက်တွေပဲ

ရိပေါ်တို့တွေ့ခဲ့တာ ရက်အနေနဲ့ဆိုရက်ပေါင်း62ရက် နာရီအနေနဲ့ဆို 1488နာရီ မိနစ်အနေနဲ့ဆို 89280မိနစ်

အကိုနဲ့ပတ်သတ်ခဲ့တဲ့အချိန်နာရီတိုင်းဟာ ရိပေါ်အတွက်ကောင်းမွန်တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေနဲ့ပဲ ​ြပည့်နှက်နေခဲ့တာ တစ်ချို့ကပြောတယ် အချစ်ဟာအချိန်ကြာလာတဲ့အခါ ပြောင်းလဲနိုင်တယ်ငြီးငွေ့လာနိုင်တယ်တဲ့ ရိပေါ်ဘက်ကတော့ဒီနိယာမဟာမှားကြောင်းပြောချင်တယ် ရိပေါ်ကတစ်ရက်ထက်တစ်ရက်အကို့ကိုပိုချစ်လာတယ် ဒါပေမဲ့အကိုဘက်ကတော့....

"ကျန့် စားလေ"

"အင်း လီလီလည်းစားလေ"

ရိပေါ်နဲ့အတူရှိတဲ့အချိန်ပြုံးပြတဲ့အပြုံးတွေ ရိပေါ်ပိုင်တဲ့အပြုံးတွေကို ကျဲလီလီလည်းအပိုင်စားရခဲ့တယ် ရိပေါ်ဘက်ကတစ်ဖက်သတ်စခဲ့တဲ့အချစ်ခရီးကို အကိုကငြီးငွေ့လာဟန်

"ရိပေါ်လေး လာသွားပြောကြမယ်"

"ရပါတယ် ကျဲမျစ် အကိုနဲ့အတူထိုင်နေတဲ့ကျဲက ရိပေါ်ကျဲလီလီပါ"

"ပိတ်ရက်ကို ရိပေါ်နဲ့အတူမလည်တဲ့ရှောင်ကျန့်က မမိုက်ပါဘူးကွာ"

"နောက်ထပ် ပိတ်ရက်တွေရှိပါတယ်ကျဲတို့ကလည်း အခုသွားကြရအောင်"

ရိပေါ်နဲ့ကျဲလီကြားမှာ အကို့ကိုရွေးချယ်ရခက်ခဲအောင်မလုပ်ချင်ဘူး အဓိက အကိုအဆင်ပြေ ပျော်ရွှင်စေဖို့ပဲ ရိပေါ်ကအကို့အတွက်ပေးဆပ်ရုံသပ်သပ်ပဲ
_______________________________________________________________
"ကျန့်ထည့် စားလေကွာ"

"လီလီစားတာ ကြည့်နေတာနဲ့ဗိုက်ဝနေပြီ"

"ဟာကွာ ကျန့်ကလဲ"

သူမနဲ့ကျန့်ကအခု သူငယ်ချင်းမကျရည်းစားမရောက်အခြေအနေမျိုးမှာ အခုနောက်ပိုင်းပြောင်းလဲလာတဲ့ကျန့်ရဲအပြုအမူတွေက သူမကိုသဘောကျလာလို့ထင်တယ်

"လီလီ ဒယ်ဒီနဲ့မာမီရောနေကောင်းလား"

"ကောင်းပါတယ်ကျန့်ရဲ့ တစ်ရက်​လောက် ကျန့်ကို ဒယ်ဒီတို့နဲ့မိတ်ဆက်ပေးမယ်"

MEMORY🖤.(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ