အပိုင်း(4)ကျောင်းသားသစ်

1.6K 106 0
                                    

Uni

"ဟင်!!...ဟာ!...အိုး..ချောလိုက်တာ..... ချစ်စရာလေးဟယ်"

အတန်းထဲကိုဝင်လာတဲ့ကောင်လေးပုံစံကြောင့် အတန်းသားတိုင်းလည်း အံ့ဩသံတွေထွက်လာသလိုသူမကိုယ်တိုင်လဲအနည်းငယ် အံ့ဩသွားမိတယ်...

ထိုသို့ အံ့ဩသွားကျသူထဲမှာရှောင်ကျန့်တစ်ယောက်မပါဝင်ပါ။ဘာလို့လဲဆိုတော့ ​ေကျာင်းသားသစ်ရဲ့ပုံပန်းသွင်​ပြင်ကိုမမြင်မိသေးလို့​ေပါ့..အကယ်၍များခေါင်းမောက်အိပ်နေသောရှောင်ကျန့်တစ်ယောက်ေကျာင်းသားသစ်ကိုမြင်မိလျှင် သူရောပဲတခြားလူတွေထင်သလိုသူ့ကို​ထင်မိမလား??

"လီရင်ဟွားရေ ဒါကကျောင်းသားသစ်ဝမ်ရိပေါ်တဲ့..သားဒါမင်းရဲ့အတန်းပိုင်ဆရာမ ပြီးတော့ သားစာသင်ရမဲ့အခန်း"

"ကဲ...အဲဒါဆိုဆရာလည်းပြန်တော့မယ်..လီရင်ဟွားရေကျောင်းသားသစ်ကို ဂရုစိုက်ပေးပါအုန်း"

"ဟုတ်ကဲ့ပါ ဆရာကြီး "

သူမအတန်းကကျောင်းသားတွေကဒီကလေးကိုစူးစမ်းနေကြဆဲပဲဖြစ်လို့သူမကိုယ်တိုင်ကပဲ

"ဒါကကျောင်းသားသစ်ဝမ်ရိပေါ်တဲ့ အတန်းဖော်အသစ်ကိုဂရုစိုက်လိုက်ကြအုန်း "သူမလည်းပြောလို့အပြီးကျောင်းသားသစ်က

"နိဟောင် ငါကဝမ်ရိပေါ်ပါ တွေ့ရတာဝမ်းသာပါတယ်ခင်မင်ပေးကြဖို့မျှော်လင့်ပါတယ်"

ရိပေါ်တစ်ယောက်အသစ်ပြောင်းလာတဲ့ကျောင်းမှာသူငယ်ချင်းတွေအများကြီးရချင်တယ် ထိုကြောင့်သူပြုံးရွှင်စွာနှုတ်ဆက်လိုက်တယ်

"အား!!!ပြုံးလိုက်တာလေးကချစ်ဖို့ကောင်းလိုက်တာငါ့နှလုံးသားလေးပိုင်ရှင်အသစ်တွေ့သွားပြီ"

မေရီအော်၏အော်သံအဆုံး

"နင်နှလုံးသားကဘယ်နှစ်ခုတောင်ရှိတာလဲ ဟိုတစ်ခေါက်ကClass Aကရှင်းယာကောကိုအတည်ဆို.. ပြီးတော့ရှိသေးတယ် ရှောင်ဖုန်း ကျိုးချန်း ဟိုက်ခွမ်း  လုရီ လီမင်ဟောက် တို့တုန်းကရောအခုလိုပဲပြောတာပဲလေ"

ဝမ်ချင်ရဲ့စနောက်ပြောဆိုမှုကို

"ဟုတ်ပါ့ ရုပ်ချောတိုင်းကြိုက်နေတာ တော်သေးတာပေါ့ ငါ့လိုရုပ်ချောချောလေးကောင်မလေးကိုနင်မကြိုက်လို့ မဟုတ်ရင် သူငယ်ချင်းအချင်းချင်းဆိုတော့ငြင်းရမှာအားနာနေရအုန်းမယ်..ဟီးဟီး.... ဟားဟား.."

MEMORY🖤.(Completed)Onde histórias criam vida. Descubra agora