(A.N/ Tomgay fic တစ်ပုဒ် ဖြစ်ပါတယ်နော်။ Title မှာကော၊ Description မှာကော ပြောပြီးသား။ Tomboy to Tomboy ချစ်တဲ့ Fic ဖြစ်တာမလို့ အနည်းငယ်တော့ BL ဆန်ပါလိမ့်မယ်။ ဒါပေမဲ့လည်း Tomboy ဆိုတဲ့ ပုံစံကို မပျောက်အောင် ရေးမှာပါ။ အဲ့တော့ ကြိုပြောပြီးပြီမလို့ ဆက်ဖတ်မလား၊ မဖတ်ဘူးလားဆိုတာကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပါ။ ကြိုပြောပြီးသားပါ 👍🏿)
* * *
"Black Coffee တစ်ခွက်ပဲ ပေးပါ"
သူငယ်ချင်းတွေနဲ့အတူ မုန့်စားဖို့ လာရင်း အနောက်ဝိုင်းက မှာလိုက်တဲ့ အသံကြောင့် နှာခေါင်းရှုံ့မိသည်။
ဘယ်နှယ့် Black Coffee တစ်ခွက်ထဲ သောက်ရတာလဲ။ ဒီလောက် ခါးတာကို။
နောက်ဝိုင်းကို မသိမသာ စောင်းငဲ့ကြည့်တော့ တကယ်ကို တည်ငြိမ်တဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ မျက်နှာကို မြင်တာနဲ့ သိပ်ကို အေးချမ်း တည်ကြည်လွန်းတာ သိသာသည်။
သို့သော် ထိုအမျိုးသမီးရဲ့ စိတ်အာရုံ အစုံသည် သူ့ရှေ့က စားပွဲပေါ်ရှိ လက်တော့ပ်ထံတွင်သာ။
ခပ်ထူထူ မျက်ခုံးတစ်စုံက ရေပြင်လို တည်ငြိမ်နေတဲ့ မျက်ဝန်း နက်တစ်စုံ၊ အဖျားမှာ အနည်းငယ် လုံးချင်သည့် နှာတံတို့နှင့် ပနံတင့်လွန်းသည်။
ထူနက်နေတဲ့ ဆံပင်တွေကို အပေါ်ယံ ယူပြီး နောက်မှာ စည်းထားသည်က သိပ်ကို စမတ်ကျလွန်းသည်။
နားသယ်စလေးနားက ဆံပင်ဖျားတွေကို လက်နဲ့ အနည်းငယ် ရွှေ့လိုက်သည်တွင်တော့ ဒီလူမှာ ငေးမိရသည်။
အရမ်းကြီး ချောသည်လည်း မဟုတ်ပေမဲ့ ထိုအမျိုးသမီးရဲ့ မျက်နှာသည် တကယ်ကို အကြည့်ခံသည်။
ငေးနေတာကြာပြီမလို့ သတိဝင်ပြီး ရှေ့ကို ပြန်လှည့်ဖို့ ပြင်လိုက်မိချိန်တွင်တော့ ရှက်စရာ ကိစ္စတစ်ခုက ဖြစ်သွားသည်။
ကျွန်တော် ငေးကြည့်နေမိတာကို သူမက မျက်မှန်ကို လက်ညှိုးဖျားနဲ့ ပင့်တင့်လာရင်း မြင်သွားလေပြီ။
ရှက်ရမ်းရမ်းပြီး ပြုံးပြလိုက်မိပေမဲ့ သူကတော့ မထီသလို ကြည့်လာပြီး လက်တော့ပ်ဆီကိုသာ အာရုံပြန်ပြုသွားသည်။ ဘယ်လို အချိုး ချိုးရတာလဲ။
YOU ARE READING
Spring's Melody (TomxTom - Completed)
Random⚠ Tomboy x Tomboy ⚠ Font: Unicode + Zawgyi Genre: Romance Start date: 7.2.2022 End date: 7.12.2022 Credit to original photo owner for cover.