အခန်း (၉)

307 34 4
                                    

"ဘာ ! အဲ့တာက ဘယ်လို ဖြစ်ရတာလဲ"

မ‌ကျေနပ်စွာ ထွက်ပေါ်လာသော အမျိုးသမီး၏ အော်သံအဆုံးမှာ နွေဦးရဲ့ အဖေက ခပ်ရေးရေး ပြုံးရှာသည်။

လက်ရှိ‌နေတဲ့ အိမ်နဲ့ အခု စီးနေတဲ့ ကားရယ်၊ ရှယ်ယာငွေတွေရယ်ကလွဲရင် ကျန်တဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့ အိမ်တွေနဲ့ ခြံတွေက နွေဦး နာမည်နဲ့ လွှဲခဲ့ပြီးသား ဖြစ်နေတယ်တဲ့လေ။

"ဖေဖေ တောင်းပန်ပါတယ် နွေဦး"

"ရပါတယ် ဖေဖေရဲ့။ တကယ်တမ်းမှာ ဖေဖေ မမှားခဲ့ပါဘူး။ ဖြစ်ချိန် တန်လို့ ဖြစ်သွားတာတွေပဲလို့ ကျွန်တော် မှတ်ထားပြီးပြီမလို့ ဖေဖေ စိတ်သန့်သန့်နဲ့ နေပြီး ပြန်ထွက်လာတဲ့ အချိန်မှာ ကျွန်တော်နဲ့အတူ လာနေပါ"

"ငါ့သမီးလေး ... အာ ... ဆောရီး။ ဖေဖေ့သားက တကယ်ကို ရင့်ကျက်လာတာပဲ။ ကြည့်ပါဦး။ လူပျိုကြီးတောင် ဖြစ်နေပြီ။ ကောင်မလေးတွေကော ရနေပြီလား"

"အာ ... မထားပါဘူး ဖေရဲ့"

တရားခွင်က လူအချို့အတွက်တော့ မြင်ကွင်းက အနည်းငယ် ထူးဆန်းသလို ဖြစ်နေခဲ့သည်။

အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ထင်ရှားနေသည်မလို့ ထောင်ဒဏ် နှစ်နှစ်ကျော်မျှ ကျခံရမဲ့ အဖေကို သားသမီးဖြစ်သူက ရယ်ရယ်မောမောနဲ့ နှုတ်ဆက်နေသည်တဲ့လေ။

(A.N// ပြစ်မှုတွေအကြောင်း မသိတာမလို့ မှားခဲ့ရင် ပြောလို့ရပါတယ်)

"ကျွန်တော် ထောင်ဝင်စာ လာလာတွေ့မယ်နော်"

နောက်ဆုံး ရဲတွေက သတိပေးတော့မှ နွေဦးလည်း ဖေဖေ့ကို နှုတ်ဆက်လိုက်ရသည်။

တကယ်တမ်းမှာက ‌ဖေဖေက သူ့နောက်အမျိုးသမီးကို တကယ် ပါးရိုက်ခဲ့မိသည်။

ဒါကလည်း အမှုအတွက် သဲလွန်စ လိုက်ရှာနေရတဲ့ ဖေဖေက အိမ်ပြန် နောက်ကျသည်မလို့ အရင်မိန်းမနဲ့ ပြန်ဆက်နေပါတယ်ဆိုပြီး ဖေဖေ့ ဂုဏ်သိက္ခာကို စော်ကားတဲ့ စကားတွေ ပြောပြီး သနပ်ခါးတုံးနဲ့ အရင်လှမ်းပစ်တာ ဖြစ်သည်။

အရှောင်ကောင်းတဲ့ ဖေဖေက မထိသွားပေမယ့် တမင် ဖေဖေ့ ဒေါသကို ဆွနေခဲ့တဲ့ ထိုမိန်းမကတော့ ပါးတစ်ချက် ရိုက်ခံရပြီး လှေကားကပင် ပြုတ်ကျသွားသည်တဲ့လေ။

Spring's Melody (TomxTom - Completed)Where stories live. Discover now