အခန်း (၁၆)

103 8 3
                                    

"ကို ... အိပ်တော့လေ။ အချိန်ကိုလည်း ကြည့်ဦး။ မနက်ကျရင်လည်း အစ်ကို Dennis တို့ကို သွားကြိုရဦးမှာလေ"

".........."

"ကို ! လာပါ။ အိပ်ရအောင်နော်"

"ငါ မအိပ်ချင်သေးလို့ ဒီမှာ လာထိုင်နေတာပေါ့ Prim ! "

နွေဦးရဲ့ လေသံတင်းတင်းကြောင့် နွေဦး လက်မောင်းကို လာပြီး အသာအယာ ဆွဲခေါ်မိတဲ့ Prim ရဲ့ လက်ချောင်းလေးတွေမှာ အားပျော့သွားရတော့သည်။ သို့ပေမဲ့လည်း ဇွဲမလျှော့ချင်ပါ။ ကို ညဖက်တွေ မအိပ်တာ များလှပြီ မဟုတ်လား။

"ကို ..."

"တော်တော့လို့ ပြောနေတယ် Prim ! ကလေး အိပ်နေတယ်မလား။ ကိုယ့်ဟာကိုယ် သွားနေချေ"

"ကိုကြီးနွေဦး ညဖက်တွေ မအိပ်တာ များလှပြီလေ"

ကလေးမရဲ့ လေသံ ပျော့သွားပေမဲ့လည်း နွေဦး မသနားနိုင်ပါ။ အဲ့ကလေးမက ဇွတ်တရွတ်။ အဲ့လို အကျင့်တွေကြောင့်လည်း အခုလို ... အခုလိုတွေ ဖြစ်လာရတာ။

"အဲ့တာဆို Prim အိပ်တော့မယ်နော်။ ကို ... ကိုကြီးလည်း ညဉ့်နက်အောင် မနေနဲ့နော်။ Goodnight"

".........."

Prim ရဲ့ စကားတွေကို ကြားကြောင်း ခေါင်းတစ်ချက် ငြှိမ့်ပြခြင်းဖြင့်သာ အတည်ပြုလိုက်သည်။

ခပ်ပြင်းပြင်း အရက်တစ်ခွက်ကို မော့လိုက်ရင်း စီးကရက်ကိုပါ တစ်ချက် ဖွာလိုက်မိသည်။ ဝရန်တာပေါ် ဖြာကျနေတဲ့ လရောင်ဟာ ငြိမ်းချမ်းလွန်းလှသော်လည်း နွေဦးဟာ ပူလောင်လျက် ရှိသည်။

ထို့အတူ နွေဦး မျက်နှာကိုသာ အရိပ်တကြည့်ကြည့်နဲ့ နေနေရတဲ့ Prim မှာလည်း မပျော်နေရပါ။ နွေဦးရဲ့ ပထမဆုံး လအဖြစ် သတ်မှတ်လေ့ ရှိကြတဲ့ March လရဲ့ ၂၀ ရက်နေ့မှာ မွေးခဲ့တဲ့ Prim ကို နွေဦးရဲ့ ပန်းတစ်မျိုး ဖြစ်တဲ့ Primrose လို့ အမည်ပေးခဲ့ပေမဲ့လည်း 'နွေဦးရိပ်မြုံ' လို့ အမည်ရတဲ့ လူသားကတော့ Prim ကို အလိုမရှိဟန်။

တစ်ခါတစ်လေကျတော့လည်း ကို့ရဲ့ ချစ်သူဖြစ်တဲ့ တေးမြတ်မောင်ကို သိပ်မနာလိုမိပါသည်။ တေးမှာ မရှိတဲ့ ဆံပင်အရှည်တွေ၊ တေးထက် ပိုသာတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေနဲ့ အလှအပ ပြင်တတ်ဆင်တတ်မှုတွေဟာ Prim မှာ ရှိနေပါလျက်နဲ့ မျက်ကွယ်ပြုခံနေရသည်။

Spring's Melody (TomxTom - Completed)Where stories live. Discover now