အခန်း (၂)

454 41 0
                                    

"တေး ထတော့"

"မရဘူး ငါးမိနစ်ပဲလို့"

"ဘယ်ကို ငါးမိနစ်လဲ။ မင်း ငါးမိနစ်က နာရီဝက်တောင် ရှိနေပြီ။ ထတော့။ အန်တီက မနက်စာ စားဖို့ ခေါ်ခိုင်းလိုက်လို့"

"နေ့လည်ကျမှ ပေါင်းစားတော့မယ်လို့"

"ထစမ်းပါ တေးရာ။ ငါ ရိုက်လိုက်ရ"

"အ့ ! တကယ် မရိုက်နဲ့လေ ဖားပြုတ်ကောင်ရဲ့"

"ရိုက်လိုက်ရ" ဆိုပြီး ရွယ်လိုက်တဲ့ အချိန်မှာ တစ်ချက်က ခေါင်းအုံးနဲ့ တကယ် ရိုက်ပြီးသား ဖြစ်နေပြီ။

"မင်းကို ငါ ထခိုင်းနေတာကို"

"ငါ အိပ်ချင်သေးပါတယ်ဆို"

"နာရီကို ကြည့်ဦး"

"မြင်တယ်လေ ရှစ်နာရီခွဲပဲ ရှိသေးတာ။ အစောကြီးကို"

"ထပါတော့ကွာ။ ဗိုက်ဆာနေပြီ"

"မင်းဟာမင်း စားပါလား။ မင်း အိမ်လို ဖြစ်နေပြီ။ အကုန် မင်းလက်မင်းခြေချည်းပဲ။ ပါပါးဆိုရင် မင်းကို ငါ့ထက်တောင် သဘောကျသေးတယ် ကိုရိုးလ်ဝမ်းကြီးကို"

"ဟား ငါမင်းကို စောင့်နေတာ မနက်စာ စားဖို့။ အဲ့တာကြောင့် အခု လိမ်လိမ်မာမာနဲ့ ထလိုက်တော့နော်။ ပြီးမှ ပြန်အိပ်။ ဟုတ်ပြီလား"

"ပြောလိုက်ရင် အဲ့လိုချည်းပဲ။ ငါက မျက်စိကြောင်ပြီး ပြန်အိပ်မရတော့ဘူး"

"ထပါတော့ တေးရာ။ ငါတကယ် ဗိုက်ဆာနေပြီ"

အတင်းကို ရေချိုးခန်း အဝကို တွန်းပို့နေတဲ့ နွေဦးကြောင့် တေးမှာ ဆောင့်အောင့်ပြီး မျက်နှာသစ်ရတော့သည်။

"အရူးကောင် ! သူ့ကို ဘယ်သူက မနက်စာ စောင့်ခိုင်းလို့လဲ"

"ငါ မစောင့်ရင်လဲ တစ်ယောက်ထဲ စားရတယ်ဆိုပြီး ထမင်းစားပွဲမှာ စူပုတ်နေမှာ မဟုတ်လို့လား"

"မင်း ... မင်း ထမင်းစားခန်းကို မသွားရသေးဘူးလား"

"မသွားရသေးတာမို့ မင်း ရွတ်ဖတ်နေတာတွေ ငါကြားရတာလေ"

"တော်ပြီ။ သွားမယ်"

အိပ်ချင်မူးတူးရုပ်နဲ့ ဆံပင်ဖျားတွေ ရေစိုကာ ရှုပ်ပွနေတဲ့ တေးမြတ်မောင်ကို ကြည့်ရင်း နွေဦး ပြုံးစစ လုပ်နေမိတော့သည်။

Spring's Melody (TomxTom - Completed)Where stories live. Discover now