"အာ့ ! တေး"
နွေဦးရဲ့ အထိမခံတဲ့ နေရာကို တေးက သွားနဲ့ တတိတိ ကိုက်ပြီး ဆွနေတာကြောင့် မျက်လုံးများ မှေးစင်းကာ ကိုယ့်လက်ကိုယ် ပြန်ကိုက်ထားမိသည်။
"မောင်"
"ဟင်"
"ချစ်တယ်။ မောင်က ငါ့အောက်မှာ ရှိနေတဲ့ အချိန်ဆို အရမ်းချစ်ဖို့ ကောင်းတယ်"
လူကို လာစနေတဲ့ တေးကို ဆွဲလှဲလိုက်တာကြောင့် မျက်လုံး အဝိုင်းသားလေးနဲ့ နွေဦး ပုခုံးကို ကိုင်ကာ ကြောင်နေရှာသည်။
ကိုယ့်ဘာသာ စာဖတ်နေတာကို ဗိုက်ကို လျှာနဲ့ကော၊ သွားနဲ့ကော လာစပြီး အနှောင့်အသွား မလွတ်တာတွေ လာပြောနေသည့် တေးကို အပြစ်ပေးရမည်။
"ဟာ့ ! မောင်။ ဟင့် ဖြေးဖြေးကိုက်"
တေးရဲ့ ညှပ်ရိုး ထင်းထင်းတွေကို ပြန်စသည့် အနေဖြင့် ပြန်ကိုက်လိုက်ပေမဲ့ ထွက်လာတဲ့ တေးရဲ့ အလန့်တကြား ညည်းသံကြောင့် နွေဦး တံတွေး မြိုချလိုက်ရသည်။
ဒီညတော့ လုပ်လို့ မဖြစ်။ မနက်ကျရင် အလှူလုပ်ဖို့ ရှိသည်။ တေးနဲ့ နွေဦးရဲ့ ပြန်ပေါင်းထုတ်ပြီး သုံးနှစ်ပြည့် အထိမ်းအမှတ်နဲ့ မိဘမဲ့ဂေဟာကို သွားလှူကြမည် ဖြစ်သည်။ လှူရာတွင်လည်း မြို့ပေါ်က နာမည်ကြီး ဂေဟာတွေ မဟုတ်ပဲ တော်တော် ရှားပါးသည့် ဒေသများက မိဘမဲ့ဂေဟာလေးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေကို သွားလှူမှာ ဖြစ်သည်။
နှစ်ဦးသား ဂေဟာ တစ်ခုနဲ့ ဘုန်းကြီးကျောင်းတစ်ခုကိုပဲ သွားကာ ကျန်သည့် ကျောင်းတွေကိုတော့ အလှူငွေသာ ပို့ပေးရင်း အလုပ်က ယုံကြည်ရတဲ့ သူတွေကို နွေဦးတို့အတွဲနာမည်နဲ့ သွားလှူခိုင်းမည်။
ဘုန်းကြီးကျောင်းမှာတော့ နေ့လည် ဆွမ်းကပ်ပြီး ဂေဟာမှာတော့ လိုအပ်တာလေးတွေ စာအုပ်၊ ခဲတံနဲ့ စာရေးကိရိယာလေးတွေ ဝေပေးမည်။
"မောင့် ဖယ်တော့"
"မဖယ်ပါဘူး။ အစောက မောင့်အပေါ် တက်နေတာ ဘယ်သူတုန်း"
"ဟာ ... လူယုတ်မာနော်။ ငါ မင်းပေါ် မတက်ဘူးလေ။ မင်း ဗိုက်ကိုပဲ စတာကို။ အဲ့ပေါ် မေးတင်တာပဲ ရှိတယ်"
YOU ARE READING
Spring's Melody (TomxTom - Completed)
De Todo⚠ Tomboy x Tomboy ⚠ Font: Unicode + Zawgyi Genre: Romance Start date: 7.2.2022 End date: 7.12.2022 Credit to original photo owner for cover.