"ဘာ ! "
ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ အာမေဋိတ်သံက တစ်တန်းလုံးရဲ့ အာရုံတွေကို ဖမ်းစားပစ်လိုက်နိုင်သည်။
"တကယ်ပြောနေတာလား"
"ီး ! နောက်စရာလား။ အခုထိတောင် မလာတာကို ကြည့်လေ"
ကီးအမြင့်နှုန်းနဲ့ ဆဲလိုက်တဲ့ ကျော်ကျော်ရဲ့ ချေပသံ အဆုံးမှာ တေးမြတ်မောင်တစ်ယောက် မျက်ခုံးပါးပါး နှစ်ဖက်ကို ထိစပ်လုသည်အထိ မျက်မှောင်တွေ ကျုံ့မိသည်။
နွေဦးရိပ်မြုံ အတန်းပျက်၊ ကျောင်းပျက်သည့် ကိစ္စက တစ်တန်းလုံး ပမာဏနဲ့ကို အံ့ဩစရာ ဖြစ်လို့နေသည်။
တက္ကသိုလ် စတက်ရတဲ့ နေ့ကစလို့ အခု တတိယနှစ်တိုင်အောင် နွေဦးမှာ ကျောင်းနှစ်ကြိမ်သာ ပျက်ဖူးသေးသည်။ အခု သုံးကြိမ်မြောက်။
"တီတောင် ! "
'တေး ... ငါဒီနေ့ မလာဖြစ်တော့တာမလို့ မနက်ဖြန်ကျမှပဲ စာကူးတော့မယ်နော်'
မယုံနိုင်ဖြစ်လို့ပင် မဆုံးသေး။ Notification Bar မှာ ပေါ်လာတဲ့ 'ဖားပြုတ်ကောင်' ဆိုတဲ့ Contact name က မက်ဆေ့ကြောင့် နွေဦး ကျောင်းမလာတော့တာကို လက်ခံလိုက်ရသည်။
တေးကျတော့ အရင် မပြောပဲ ကျော်ကျော့်ကို အရင် ပြောထားတယ်ပေါ့။ အင်း ... ကောင်းပါတယ်။
ချက်ချင်းပင် ဖုန်းခေါ်လိုက်ပြီး နှစ်ခု၊ သုံးခုလောက် ရွတ်ဖတ်လိုက်သည်။
"ဘာဖြစ်တာလဲ။ နေမကောင်းလို့လား။ ငါ ညနေကျရင် စွပ်ပြုတ် ယူလာပေးရမလား"
"မဟုတ်ဘူး။ ကာရံ့ကို ကျောင်းလိုက်အပ်ပေးနေရလို့"
"ကာရံ ? "
"ငါ့ရဲ့ ဖအေပါ သမီးလေ။ မေကာရံဦးတဲ့"
"ဪ ဒါပဲ"
နွေဦး ဆက်ပြောစရာ စကား ရှိသေးလား၊ မရှိတော့ဘူးလား တေး မသိချင်တော့တာကြောင့် ဖုန်းကို ချပစ်လိုက်သည်။
"သူ့အဖေနဲ့ အမေက ဘယ်ရောက်နေလို့လဲ ! "
"ဟင်"
"ကျွတ်စ် ! မနက်ကတည်းက ောက်စိတ်ရှုပ်စရာတွေချည်းပါလား"
ဖုန်းပြောနေတာကို ဘေးနားက လာစောင့်နေတဲ့ ကကြိုးဟန်သာကြောင့် စိတ်ပျက်လက်ပျက် ရေရွတ်ပြီး မမြင်ချင်ယောင်ဆောင်ကာ အတန်းထဲကို ဝင်ဖို့ ပြင်လိုက်သည်။
YOU ARE READING
Spring's Melody (TomxTom - Completed)
Random⚠ Tomboy x Tomboy ⚠ Font: Unicode + Zawgyi Genre: Romance Start date: 7.2.2022 End date: 7.12.2022 Credit to original photo owner for cover.