အခန်း (၅)

120 8 0
                                    

"ဟဲ့ ဘယ်သူလဲလို့ ! နင့် Crush ဆိုတာ"

အတင်းမေးနေသည့် နှစ်ယောက်ကြောင့် သော်တာအိမ်မှာ မလူးသာ မလွန့်သာ အခြေအနေကြီးဖြင့် မသက်မသာ ဖြစ်နေရသည်။ သေချာတာကတော့ ဒီမေးခွန်းက လုံးဝကို ရှောင်ထွက်လို့ ရမှာ မဟုတ်ပေ။

ထိုစဉ် မျက်စိရှေ့ထဲ ဖြတ်ကနဲ ပေါ်လာသည့် Pepsi အအေးဗူးလေး။ ထိုအအေးဗူးပေါ်တွင် ပါသည့်ပုံက Blackpink အဖွဲ့ဝင် Lisa !

Lisa က အရင်ကတည်းက အသော့် Bias ဖြစ်တာကြောင့် ဒီနည်းလမ်းကိုသာ ရွေးချယ်ဖို့ ဖြစ်လာသည်။

"ဟုတ်တယ်လေ။ ငါ့ Crush ပေါ့။ ဘယ်သူရှိရမှာလဲ။ Lalisa Manoban လေ"

"ဘာ ! "

"F*ck ! "

အကောင်းမှတ်လို့ မေးနေတာကို ထ ဖောက်ပစ်လိုက်တဲ့ သော်သော့်ကို ဝိုင်းပြီး ရွတ်ဖတ်လိုက်မိကြသည်။

Lisa က သူ့ Bias ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ Crush ဆိုပြီး မပြောခဲ့ဖူးဘူးလားလို့ ?

တေးနဲ့ ကျော်ကျော်လည်း ဆက်မတွေးတော့ပဲ ဝယ်စရာ ရှိတာ မြန်မြန်ဝယ်ပြီး နွေဦးဆီသို့ ... ။

*   *   *

ကျောင်းပိတ်ရက် ဖြစ်တာကြောင့် အိမ်မှာ ရှိနေရတဲ့ ကာရံခမျာ အသစ်ပါလာတဲ့ ကိုကို့ သူငယ်ချင်း နှစ်ယောက်ကြောင့် ဟိုတစ်နေ့ကလို စိုးစိုးဆတ်ဆတ်နဲ့ စပ်စလူး မထပြရဲပေ။

ဒီနှစ်ယောက်ပုံ ကြည့်ရတာ ဟိုတစ်ယောက်ထက် ပိုဆိုးမယ်မှန်း သိသာသည်။ နည်းနည်းလေး အမြင်မတော်တာနဲ့ သုံးယောက်တစ်ယောက် အဖဲ့ခံရမှာ ... ။ ကိုကိုကလည်း ဘယ်သူ့ဖက်ကမှ မပါပေးရင်တောင် ဖအေပါ ညီမဖြစ်တဲ့ ကာရံဖက်ကလည်း လုံးဝ နေပေးမှာ မဟုတ်ပေ။

ဒါကြောင့် သူတို့နှင့်သာ အလိုက်ထိုက် ဆက်ဆံရင်း ချစ်ဖို့ကောင်းတဲ့ ညီမလေးအသွင် ဆောင်နေရသည်။

"ဖယ် ... ဖယ်။ လုပ်တတ်တာလည်း မဟုတ်ပဲနဲ့"

ပုစွန်တောင် ကောင်းကောင်း အခွံမနွှာတတ်ပဲနဲ့ ဝင်ကူလုပ်သလိုနဲ့ လိမ္မာချင်ယောင် ဆောင်နေတဲ့ မေကာရံဦးကို တေး တွန်းထုတ်ပြီး လုပ်စရာရှိတာကို မြန်မြန်ပြီးအောင် ဆက်လုပ်လိုက်ရသည်။

Spring's Melody (TomxTom - Completed)Where stories live. Discover now