အခန်း (၇)

305 28 6
                                    

"နွေဦး"

"ဘာလဲ"

"မုန့်ဝယ်ကျွေး"

"ဟမ် ? "

လစာ ထုတ်လာတာခြင်း အတူတူကိုမှ နွေဦးကို မုန့်ဝယ်ကျွေးခိုင်းတဲ့ တေးကို မျက်စောင်းထိုး ပစ်လိုက်သည်။

"စတာပါ မင်းကလည်း ! အဲ့လောက်ကြီး ဖြစ်မနေနဲ့။ မနက်ဖြန် ကျောင်းမှာ သင်္ကြန်ရှိတယ်နော်"

"မလာတော့ဘူး"

"ဟင် ! ဘာဖြစ်လို့လဲ"

"လူတွေ များမှာ။ စိတ်ရှုပ်စရာကြီး"

"ဒါဆို ငါတို့ သုံးယောက်ထဲလား"

"အင်း"

ထို့နောက်တွင်တော့ ဘာဖြစ်နေမှန်း မသိတဲ့ နွေဦးက သူ့ဟာသူ အရင် ထွက်သွားပြန်သည်။

"နွေဦး ! "

"ဘာလဲလို့"

"မင်း ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူးလေ။ ခါတိုင်းလည်း ငါ အဲ့လို လူရှုပ်တဲ့အချိန်တွေကို ရှောင်နေကြပဲကို"

"ဪ ..."

ဟုတ်တော့လည်း ဟုတ်နေတာမလို့ တေး ဘာမှဆက်မပြောတော့ပဲ အိမ်ရှိရာဖက်ကို ဦးတည်ခဲ့တော့သည်။ တတိယနှစ်တောင် ရောက်နေပြီကို နွေဦးက တစ်ခါမှ ကျောင်းရဲ့ ပွဲတွေကို မတက်ဖူးတာပဲ။

အိမ်ပြန်ရောက်တာနဲ့ ရတဲ့ ပိုက်ဆံကို ‌မာမားကို အကုန် ပြန်အပ်လိုက်သည်။ လက်ဖြန့်တောင်းတိုင်း ရတဲ့ မုန့်ဖိုးက ဒီ့ထက်တောင် များဦးမည်လေ။

"တေး ? သား ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား"

"ကောင်းပါတယ် မာမားရဲ့"

နဖူးကို လာစမ်းတဲ့ မာမားကို တေး ပြုံးပြလိုက်ပြီး အပေါ်ထပ်က အခန်းထဲကို ဝင်လိုက်သည်။

"ဒေါက် ! ဒေါက် ! "

"‌တံခါးဖွင့်ထားတယ်"

သားသမီးရဲ့ Privacy ကို လေးစားတဲ့ မိဘတွေကြောင့် တေးရဲ့ ကိုယ်ပိုင်အခန်း‌လေးမှာ ထည့်ချင်တာ အကုန် ထည့်ထားလို့ ရသည်။

"မင်း ! "

အခန်းထဲကို ဝင်လာတဲ့သူကြောင့် တေးပင် အံ့ဩသွားရသည်။ မာမားက သူ့ကို ဘယ်လို စိတ်မျိုးနဲ့များ ဒီအထိ လွှတ်လိုက်တာလဲ။

Spring's Melody (TomxTom - Completed)Where stories live. Discover now