"ဟမ် ! "
"အယ် ? "
ရုတ်တရက် ပြိုင်တူ ထွက်ပေါ်လာတဲ့ အာမေဋိတ်နှစ်ခုက တေးနဲ့ နွေဦးဆီမှ ဖြစ်သည်။
ဘာတွေများ အံ့ဩစရာ ရှိလို့လဲ။
တရားခံကတော့ နှစ်ယောက်စလုံးရဲ့ ကိုယ်ပေါ်မှာ ရှိနေတဲ့ နီညိုရောင် ပုဆိုးနဲ့ အနီဖျော့ရောင် လည်ကတုံးနှစ်ထည်သာ ဖြစ်ပါလိမ့်မည်။
"ဘယ်လိုဖြစ်လို့ မင်းက ဒါဝတ်လာရတာလဲ။ ခါတိုင်းဆို ဂန္ထဝင်ရုပ်ရှင်သမားက"
ဂန္ထဝင်ရုပ်ရှင်သမား ဆိုတာကတော့ အဖြူ၊ အမည်း နှစ်မျိုးသာ အများဆုံး တွဲဖက် ဝတ်တတ်တဲ့ တေးကို ရွဲ့ပြောတာ ဖြစ်သည်။
"မာမားက ထုတ်ပေးလိုက်တာ"
"ကလေးကျနေတာပဲ"
တေး ပြန်ခံပက်ဖို့ စဉ်းစားလိုက်မိပေမဲ့ အဲ့အတွေးကို ဖျက်သိမ်းလိုက်ပါသည်။
ဘာလို့လဲဆိုတော့ နွေဦးမှာ မိဘတွေ မစုံရှာဘူးလေ။ ဖြစ်နိုင်ရင် မိသားစုနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေကို နွေဦးနဲ့ ပြိုင်မငြင်းချင်တာ တေးရဲ့ စေတနာပါ။
"ကဲပါ ... ဟိုမှာ ကားလာနေပြီ"
"အင်း"
နှစ်ယောက်သား ကားပေါ်ကို ရောက်သည်နှင့် စိတ်ကျဉ်းကြပ်မှုကို ခံစားလိုက်ရသည်။
အကြောင်းမှာတော့ ဆယ်ကျော်သက် မိန်းကလေးတစ်စုက ကားနောက်ဆုံး ခုံတွင် အုပ်စုလိုက် ထိုင်နေခြင်းကြောင့်ပင်။
ပုံမှန်အတိုင်းတောင် ပေးစားခံနေရသည့် တေးတို့ နှစ်ယောက်မှာ အခုလို အင်္ကျီဆင်တူ၊ ပုဆိုးဆင်တူနဲ့ ဖြစ်နေတော့ ပိုလို့တောင် မျက်နှာပူရသည်။
ကားတစ်စီးလုံးလည်း လူတွေက ဝိုင်းကြည့်လို့။
ထိုအထဲမှာ နောက်ဆုံးတန်းက အမိတို့ အဆိုးဆုံးဖြစ်၏။
လူကို စတက်လာကတည်းက ပြုံးစိစိနဲ့ ဝိုင်းကြည့်နေကြပြီး ခပ်တိုးတိုး ပြောနေကြသည်။
တစ်ယောက်ကဆို ဓါတ်ပုံတောင် ခိုးရိုက်ဖို့ ပြင်နေသေးသည်။
"အဲ့လိုမှန်းသိရင် Taxi ငှားလိုက်ရမှာ"
လူအာရုံစိုက်တာ မခံချင်သော နွေဦးဆီက ထွက်လာတဲ့ ညဉ်းညူသံက တေးကို အမြင်ကပ်စေသည်။
YOU ARE READING
Spring's Melody (TomxTom - Completed)
Random⚠ Tomboy x Tomboy ⚠ Font: Unicode + Zawgyi Genre: Romance Start date: 7.2.2022 End date: 7.12.2022 Credit to original photo owner for cover.