အခန်း (၁၈)

439 29 1
                                    

"ဟမ် ? "

အခန်းအတွင်း ကုတင်ဘေးက ဗီရိုအပုလေးပေါ်မှ စာကြည့်မီးရောင်လေးသာ ရှိနေသည်။ တေးက အမှောင်သိပ်ကြောက်တတ်သူမလို့ ညဘက်အိပ်ပျော်နေတုန်းများ မီးပျက်သွားရင်လို့ တွေးပြီး လက်လှမ်းမီတဲ့ နေရာတိုင်းမှာ အလင်းရနိုင်တဲ့ ပစ္စည်းတွေ ထားလေ့ရှိသည်။ ကုန်ကုန်ပြောရရင် ကုတင် ခေါင်းရင်းက Figure Collection တွေနဲ့ အလှဆင်ပစ္စည်းလေးတွေ တင်ထားတဲ့ ဘောင်ပေါ်မှာတောင် ဓါတ်ခဲအသုံးပြုရတဲ့ အလှမီးသီးလေး တင်ထားသေးသည်။ တချောက်ချောက် မြည်နေတဲ့ နာရီလေးကို လှမ်းကြည့်တော့ မနက် ၂ နာရီ။

တေး ခေါင်းအုံးထားသည့် အရာဟာ ပုံမှန်နေ့ရက်တွေလို ပျော့ပျော့ပျောင်းပျောင်း ခေါင်းအုံးကြီးတော့ ဟုတ်မနေ။ ‌အကြောင်းအရင်း မရေရာစွာနဲ့ ထွက်သွားပြီး လေးနှစ်ကြာမှ အခန်းထဲ ခိုးဝင်ပြီး ရုတ်တရက် လာဖက်တဲ့ လူဆိုးကောင် နွေဦးရဲ့ လက်မောင်းပေါ်မှာ။

* * *

နွေဦးရဲ့ အနမ်းမှာ မျောသွားခဲ့ရင်း ‌တဖြည်းဖြည်း ကုတင်နားကို ရောက်လာခဲ့သည်။

ဟင့်အင်း ... ဟင့်အင်း။
အခုမှ ပြန်တွေ့တွေ့ချင်း ငါ အောက်ကို ရောက်သွားလို့ မဖြစ်ဘူး !

တေး တစ်ယောက်တည်း အတွေးထဲမှာ ပြာယာခတ်နေတုန်းမှာပဲ ကုတင်ပေါ်ကို ကျသွားပြီး နွေဦးဟာ တေး ကိုယ်ပေါ်မှာ အုပ်မိုးထားလျက်သား။

အချိန်အကြာကြီးနေမှ ပြန်တွေ့ရတဲ့ ကတ်ကတ်လန် ချစ်သူလေးကို နွေဦး တစ်ဝကြီး ငေးကြည့်နေမိရင်း တေးရဲ့ မျက်တောင်ကော့ကော့လေးတွေနဲ့ ငြိနေတဲ့ ဆံပင်အဖျားလေးတွေကို လက်နဲ့သပ်ပြီး ဖယ်ပေးလိုက်ရင်း နဖူးလေးကို အညင်သာဆုံး နမ်းလိုက်မိသည်။

လွမ်းလိုက်ရတဲ့ ကိုယ်သင်းနံ့လေး။ အထိအတွေ့လေး။ ရင်ခုန်သံလေး။

နဖူးကို နမ်းပြီး ခွာလိုက်ရုံရှိသေး တရှုံ့ရှုံ့ ရှိုက်ငိုလာရင်း ရင်ဘတ်က အင်္ကျီစကို လာဆွဲတဲ့သူကြောင့် နွေဦး ရင်ထဲ လေးပင်သွားရသည်။

Spring's Melody (TomxTom - Completed)Where stories live. Discover now