အခန်း (၄)

366 30 1
                                    

"ဘယ်လိုဖြစ်ရတာလဲ တေးရာ"

ကုတင်ပေါ်မှာ လှဲနေတဲ့ တေးက ဘာမှမဖြစ်သလို ပြန်ရယ်ပြလာသည်။

"ဘာမှမဖြစ်ပါဘူး။ ကံကောင်းသွားတယ် ပြောရမယ်။ လျှပ်ထိယုံလေးပဲ"

"အခု ကံကောင်းတယ် ဆိုပေမဲ့ နောက်တစ်ခါ ဘယ်လိုလုပ်မလဲ တေးမြတ်မောင်။ မာမား လုံးဝ စိတ်မချတော့ဘူးနော်။ အခုက လူပါ မိလိုက်တော့ ငါ့သားလေးကို အငြှိုးတွေများထားရင် ... အမယ်လေး ..."

တေးရဲ့ မာမားကတော့ တကယ်ကို တေးအတွက် စိတ်ပူနေရှာလိမ့်မည်။

မျက်ရည်လေး တစမ်းစမ်းနဲ့ သူ့သားကို ကြည့်ရင်း နောက်ကို တစ်ယောက်ထဲ မလွှတ်တော့ဘူးလို့ တဖွဖွ ပြောနေတဲ့ မာမားကို တေးမှာ ပြန်နှစ်သိမ့်နေရသည်။

အင်းလေ ... ဘယ်လိုပဲ 'သား' လို့ ခေါ်နေပါစေ။ တေးက မိန်းကလေးပဲ မဟုတ်လား။

"ဒီလိုပါဗျ။ မ ... အဲ ... မောင်တေးမြတ်မောင်ရဲ့ လွယ်အိတ်ကို ဆိုင်ကယ်နဲ့ လှမ်းလုတာကို ဒီက ပြန်ဆွဲထားလိုက်တော့ လူတွေက သတိထားမိသွားတာနဲ့ ဟိုက ထိုးပြေးသွားတာပါ"

"သူတို့တွေကိုတော့ ရဲအရာရှိပဲ တာဝန်ယူပေးပါ"

"ဟုတ်ကဲ့ပါခင်ဗျ"

တေးရဲ့ ပါပါးက တာဝန်ခံ အရာရှိနဲ့ အမှုဖွင့်ဖို့အကြောင်းကို ပြောနေကြပြီး နွေဦးတို့ကတော့ လူနာကုတင်ဘေးမှာ ယောင်တောင်တောင်။

"သိပ်စိတ်မပူပါနဲ့ဗျ။ ဒီတစ်ပတ်မှာ ကောင်းကောင်း နားလိုက်မယ်ဆိုရင် ချုပ်ရိုးအသားကျသွားပြီး နောက်အပတ်မှာ ပြန်ပြီးတော့တောင် လှုပ်ရှားနိုင်ပါပြီ။ ဆေးရုံကတော့ နှစ်ရက်လောက်ဆို ဆင်းလို့ ရပါပြီ။ ဆက်ပြီး ဆေးရုံမှာပဲ စောင့်ကြည့်ချင်လည်း ရပါတယ်ဗျ"

"ကြားတယ်နော် တေး။ အိမ်မှာ နေရင်လည်း ငြိမ်ငြိမ်နေရမယ်တဲ့"

‌သော််သော်က လှမ်းဆူတော့ တေးက ချက်ချင်း ပြန်ပက်သည်။

"ငါသွားတိုင်း၊ လာတိုင်းလည်း နင်တို့ မပါတာကျ ... အာ့ နာတယ် မာမား"

"ဪ မတေးမြတ်မောင်ရယ်။ သူများကို ရန်သွားတွေ့တာကို။ သမီးတို့၊ သားတို့ သူငယ်ချင်းနဲ့ နေကြဦးနော်။ အန်တီ အိမ်ပြန်ပြီး နေ့လည်စာအတွက် သွားပြင်ဦးမယ်"

Spring's Melody (TomxTom - Completed)Where stories live. Discover now