"ဟဲ့ ! မင်းတို့က ဒီကို လာပြီး သာယာနေတယ်ပေါ့လေ"
တေးနဲ့ နွေဦး Shopping Center တစ်ခုက မုန့်တွေနဲ့ အစားအသောက်တွေ ရောင်းတဲ့ ဖက်မှာ တေး စိတ်ကြိုက် ရွေးယူနေတုန်း နောက်က ရင်းနှီးပြီးသား အသံခပ်ကျယ်ကျယ်ကြောင့် လှည့်ကြည့်မိတော့ သကောင့်သား ကျော်ဇေရတုတင် မဟုတ်။ သူ့နောက်က တေးရဲ့ တစ်ချိန်က ရည်းစားလုဖက် သူငယ်ချင်း လွန်းရနောင်။
တေး ထင်တာ မမှားရင် သူတို့ နှစ်ယောက်က အခုတလော ... မဟုတ်သေးဘူး။ ကျောင်းမပိတ်ခင်ကတည်းက တပူးပူး၊ တတွဲတွဲ ဖြစ်လွန်းနေသလားလို့လေ။ အရင်ကဆို အမြဲတမ်း တေးဖက်က ကျော်ကျော်နဲ့ စကားစစ်ထိုးနေကြ မဟုတ်လား။
ဘယ်လိုများ တည့်သွားပါလိမ့်နော်။
"ဟုတ်တယ်လေ။ တေးက ငါ့တိုက်ခန်းမှာ လာနေ,နေတာ။ အဲ့တာ သူက ညဖက် ဗိုက်ဆာတတ်လို့ မုန့်လာဝယ်ပေးရတာ"
ဟိုနှစ်ယောက်ကို စုံချည်ဆန်ချည် ကြည့်နေတဲ့ တေးအစား နွေဦးက ဝင်ဖြေပေးရသည်။ လွန်းရက နွေဦးကို ခပ်ကြည်ကြည်ပင် ခေါင်းတစ်ချက် ဆတ်၍ ပြုံးပြလာသည်။
"တေးမြတ်မောင်တို့ကတော့လေ ... ။ လင်ရသွားမှ မခွဲနိုင်၊ မခွာနိုင်တွေကို ဖြစ်နေတော့တာပဲ"
"ဘယ်သူက လင်လဲ။ ပေါက်ကရတွေ မပြောစမ်းနဲ့။ မင်းသာ ကြာရင် လွန်းရနောင်နဲ့ ညားတော့မှာ"
စကားနာ ထိုးနေကြတဲ့ နှစ်ကောင်ကို ကြည့်ပြီး နွေဦး ခပ်ရွဲ့ရွဲ့ပင် ပြုံးလိုက်မိသည်။ လွန်းရနောင်ရဲ့ လာပြီး အကူအညီတောင်းချက်အရ သူနဲ့ ကျော်ကျော့်ရဲ့ အခြေအနေကို နွေဦးဟာ သိပြီးသား ဖြစ်နေပြီပင်။
လွန်ခဲ့သော တစ်ပတ်မပြည့်၊ တပြည့်ခန့်က လွန်းရက ကျော်ကျော့်ကို ချောင်ပိတ် ဖွင့်ပြောခဲ့ပြီး ကျော်ကျော်က စဉ်းစားပေးမယ်လို့ ကြားရသည်။ ဒါကြောင့် လွန်းရက အမှတ်ယူဖို့ ကျော်ကျော့် ဘေးမှာ Body Guard အဖြစ် ရှိနေမှာ ဖြစ်နေသည်။
မထူးဆန်းသော ကိစ္စတွေသာ ဖြစ်သည်မလို့ နွေဦးအတွက် အဆန်းတကြယ်တော့ မဖြစ်ပါ။ တေး သိရင်သာ ကျော်ကျော်က သူ့ကို ဘာမှမပြောပြဘူးဆိုပြီး ထသောင်းကြမ်းမှာ ဖြစ်သည်။
YOU ARE READING
Spring's Melody (TomxTom - Completed)
عشوائي⚠ Tomboy x Tomboy ⚠ Font: Unicode + Zawgyi Genre: Romance Start date: 7.2.2022 End date: 7.12.2022 Credit to original photo owner for cover.